ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 30 November 2018

ကာဒစ်ဖ် နှင့် ဝုဖ်လ် (စနေနံနက် ၂:၃၀ နာရီ)

ဝုလ်ဗ်ရဲ့ ခြေစွမ်းက မှန်းရခက်နေတယ်။ အသင်းကြီးတွေဆီက အမှတ်တွေခွဲယူ၊ အသည်းအသန်ကစား၊ အကြိတ်အနယ်ခံကစားခဲ့တယ်။ အသင်းငယ်တွေနဲ့ ပွဲတွေမှာအ မှတ်လျော့နေပြန်တယ်။ တိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးမှုတွေ အားကောင်းသလို၊ ကစားပုံလည်း ကောင်းလျက်နဲ့ ဂိုးမရ၊ တိုက်စစ်မကောင်းဖြစ်နေတယ်။ ကာဒစ်ဖ်ကွင်းမှာ (၁-၁)လောက်တော့ ခံကစားနိုင်လိမ့်မယ်။ 

 

ဗယ်လက်ကာနို နှင့် အီဘာ (စနေနံနက် ၂:၃၀ နာရီ)

ပုံမှန်အရဆိုရင်တော့ လက်ရှိဗယ်လက်ကာနိုရဲ့ ကစား အားနဲ့ ခြေစွမ်းက အီဘာကို မမီနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီရာသီ လာလီဂါအသင်းတွေရဲ့ ကစားအားနဲ့ အဝေးကွင်းရလဒ်ပိုင်းတွေ က ပုံမှန်မဟုတ်ဘဲ သတိထားစရာဖြစ်နေတာကတော့ အမှန်ပဲ။ ဗယ်လက်ကာနိုအိမ်ကွင်းအားကောင်းပေမယ့် အီဘာရဲ့ကစားအားကြောင့် သရေထက် ပိုမမျှော်လင့်နိုင်ပါဘူး။ ဂိုးနည်းမယ်။

 

ဒစ်ဆယ်ဒေါ့ဖ် နှင့် မိန့်ဇ် (စနေနံနက် ၂:၀၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်အသင်းရဲ့ခြေစွမ်းပိုင်းက စောင့်ကြည့်စရာ ကောင်းလာနေပြီ။ မိန့်ဇ်က ခြေမှန်တဲ့အသင်းမဟုတ်လို့ ဒစ်ဆယ်ဒေါ့ဖ် အမှတ်ရဦးမယ်။

 



စိန့်အက်တီယန် နှင့် နန့်စ် (စနေနံနက် ၂:၁၅ နာရီ)

နန့်စ်အသင်းက နောက်ဆုံး(၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ခြေစွမ်းထက်နေတယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင် ခြေစွမ်းပြတတ်တဲ့ စိန့်အက်တီယန် အနိမ့်ဆုံးသရေယူသွားမှာပါ။

Most Read

Most Recent