မြန်မာ-ဗီယက်နမ်ပွဲ လက်မှတ်များ ပွဲကစားမည့်နေ့တွင် ဆက်လက်ရောင်းချပေးမည်

မြန်မာ-ဗီယက်နမ်ပွဲ လက်မှတ်များ ပွဲကစားမည့်နေ့တွင် ဆက်လက်ရောင်းချပေးမည်
Published 19 November 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် နိုဝင်ဘာ ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် ဗီယက်နမ်ပွဲလက်မှတ်များကို ပွဲကစားမည့်နေ့တွင်လည်း ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

    

MFF သည် ယင်းပွဲအတွက် လက်မှတ် များကို နိုဝင်ဘာ ၁၅ ရက်မှစ၍ ရောင်းချပေးလျက်ရှိသော်လည်း နေ့အလိုက် ခွဲတမ်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ပွဲကစားမည့်နေ့တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။

ပွဲကစားမည့်နေ့တွင် အထူးတန်းလက်မှတ်စောင်ရေ ၅၀၀ နှင့် ရိုးရိုးတန်း လက်မှတ်စောင်ရေ ၄၈၀၀ ရောင်းချပေးမည် ဖြစ်သည်။

MFF သည် နိုဝင်ဘာ ၁၉ ရက် (ယနေ့)တွင် ကြိုတင်လက်မှတ်များကို သုဝဏ္ဏကွင်း၌သာ ရောင်းချမည်ဖြစ်ပြီး အထူးတန်း လက်မှတ်စောင်ရေ ၅၀၀ နှင့် ရိုးရိုးတန်းလက် မှတ်စောင်ရေ ၂၀၀၀ ရောင်းချမည်ဖြစ်သည်။  

ယင်းပွဲတွင် ဗီယက်နမ်ပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ၂၄၀၀ သတ်မှတ်ထားပြီး ၎င်းင်းတို့မှာ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ယင်းပွဲမှာ နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲဖြစ်ပြီး အနိုင်ရသည့်အသင်း ဆီမီး ဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးများသွားမည်ဖြစ်သည်။

မြန်မာဘောလုံးပရိသတ်များအနေဖြင့် ဝယ်လိုအားမြင့်တက်နေသောကြောင့် မှောင်ခိုလက်မှတ်များ ထွက်ပေါ်လာဖွယ်ရှိနေသည်။

Most Read

Most Recent