ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမား ကာဇူယိုရှီမီအူရာ အသက်(၅၉)နှစ်အရွယ်မှာ ဂိုးသွင်းယူ

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမား ကာဇူယိုရှီမီအူရာ အသက်(၅၉)နှစ်အရွယ်မှာ ဂိုးသွင်းယူ
Photo: X
Photo: X
Published 27 July 2026

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျပန်တိုက်စစ်မှူး ကာဇူယိုရှီမီအူရာဟာ အသက်(၅၉)နှစ်အရွယ်မှာ ဂိုးသွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ကာဇူယိုရှီဟာ ဂျေလိဂ်ဒုတိယတန်းကလပ် ယိုကိုဟားမားအသင်းရဲ့ ကစားသမားဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ဂျေလိဂ်တတိယတန်းကလပ် ဖူကူရှီးမားယူနိုက်တက်အသင်းမှာ အငှားနဲ့ ကစားနေတာပါ။

စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ Emperor's Cup ပွဲမှာ ဖူကူရှီးမားအသင်းက ဖူရူကာဝါအသင်းကို (၇-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကာဇူယိုရှီက အသင်းအတွက် ပဥ္စမြောက်ဂိုး သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ကာဇူယိုရှီအနေနဲ့ အသက်(၅၉)နှစ်နဲ့ (၁၄၉)ရက်အရွယ်မှာ ဂိုးသွင်းယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၂ နိုဝင်ဘာနောက်ပိုင်း ပြိုင်ပွဲအဆင့်မှာ ပြန်လည်သွင်းယူနိုင်တဲ့ဂိုး ဖြစ်ကြောင်းလည်း သိရပါတယ်။

ကာဇူယိုရှီက ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၁၉၈၆ ခုနှစ်က ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှာ အစပြုခဲ့သူဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာမှ ဂျပန်နိုင်ငံကို ပြန်လာခဲ့တာပါ။

ဂျပန်လက်ရွေးစင်အဖြစ်လည်း ၁၉၉၀ ကနေ ၂၀၀၀ အထိ (၁၀)နှစ်ကြာကစားခဲ့ပြီး (၈၉)ပွဲကစားရာမှာ (၅၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ကာဇူယိုရှီက လက်ရှိကလပ်အသင်းနဲ့ ၂၀၂၇ ဇွန်လအထိ စာချုပ်ချုပ်ဆိုထားတာကြောင့် အသက်(၆၀)အရွယ်အထိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ဆက်ရှိသွားမှာဖြစ်ပါတယ်။

Most Read

Most Recent