ပခုက္ကူ နှင့် ညောင်ပင်ကြီးကြား ဖောက်ခွဲဖျက်ဆီးခံရသည့် မဟာဓာတ်အားလိုင်းတိုင် ပြန်လည်ပြုပြင်ပြီးနောက် ပခုက္ကူခရိုင်တွင်း မြို့များ လျှပ်စစ်မီး ပြန်ရ

ပခုက္ကူ နှင့် ညောင်ပင်ကြီးကြား ဖောက်ခွဲဖျက်ဆီးခံရသည့် မဟာဓာတ်အားလိုင်းတိုင် ပြန်လည်ပြုပြင်ပြီးနောက် ပခုက္ကူခရိုင်တွင်း မြို့များ လျှပ်စစ်မီး ပြန်ရ
Published 23 July 2026

ပခုက္ကူ နှင့် ညောင်ပင်ကြီးကြား ဖောက်ခွဲဖျက်ဆီးခံရသည့် မဟာဓာတ်အားလိုင်းတိုင် ပြန်လည်ပြုပြင်ပြီးနောက် ယခု ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှစ၍ ပခုက္ကူခရိုင်တွင်း မြို့များ လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖောက်ခွဲဖျက်ဆီးခံရသည့် မဟာဓာတ်အားလိုင်းတိုင် အမြန်ပြန်လည်ပြုပြင်နိုင်ရေးအ တွက် လျှပ်စစ်ဝန်ကြီးဌာန  ညွှန်ကြားချက် ၊ မဟာဓာတ်အားလိုင်း ဝန်ထမ်းများ နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

` ၁၉ ရက်နေ့က မီးစပြတ်သွားတာ။ ခုညနေ မီးပြန်လာပြီ။ သိရသလောက်တော့ ဓာတ်အားတိုင် foundation ပါ မိုင်းထိသွားတာ။အသစ်က ပြန်စရသလိုပဲ။ မြို့နဲ့ နီးတာရော သက်ဆိုင်ရာကရော အားစိုက်လို့ ဒီရက်လောက်နဲ့ မီးပြန်ရတာ။ လျှပ်စစ်မီး ပျက်ရင် အရင်ဆုံးထိခိုက်တာ အများပြည်သူပဲ ။ လျှပ်စစ်မီးက ကျန်းမာရေး စီးပွားရေး လူမှု ရေး အကုန်ဆက်နွယ်နေတာ ´ ဟု ပခုက္ကူမြို့ခံတစ်ဦး ကပြောသည်။

ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာအနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈) အား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့‌ကြောင်း သိရသည်။

( ဖေက်ခွဲဖျက်စီးခံရသည့် ဓာတ်အားပေးတိုင်အား မဟာဓာတ်အားပေးလိုင်းဝန်ထမ်းများ ပြုပြင်နေစဉ် ) ဓာတ်ပုံ - ပခုက္ကူလျှပ်စစ် ဖေ့စ်ဘုတ်

Most Read

Most Recent