အိုလီဆေးအနေနဲ့ သမီးဖြစ်သူကို လုံးဝတွေ့ဆုံခြင်းမရှိကြောင်းနဲ့ ကလေးစရိတ်ထောက်ပံ့ခြင်းလည်းမရှိကြောင်း ချစ်သူဟောင်း စွပ်စွဲ

အိုလီဆေးအနေနဲ့ သမီးဖြစ်သူကို လုံးဝတွေ့ဆုံခြင်းမရှိကြောင်းနဲ့ ကလေးစရိတ်ထောက်ပံ့ခြင်းလည်းမရှိကြောင်း ချစ်သူဟောင်း စွပ်စွဲ
Photo: X
Photo: X
Published 22 July 2026

အသက်(၃၄)နှစ်အရွယ် ဂျာမန်အမျိုးသမီး ဇောင်ဘရက်ခါက ဘိုင်ယန်မြူးနစ်ကစားသမား အိုလီဆေးဟာ သူနဲ့ရရှိထားတဲ့ သမီးဖြစ်သူကို လုံးဝတွေ့ဆုံခြင်းမရှိကြောင်းနဲ့ ကလေးစရိတ်လည်း ထောက်ပံ့ခြင်းမရှိကြောင်း စွပ်စွဲထားတယ်လို့ ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

အသက်(၂၄)နှစ်သာရှိသေးတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အိုလီဆေးဟာ ခရစ္စတယ်ပဲလေ့စ်မှာ ယှဉ်ပြိုင်ကစားစဉ် ဇောင်ဘရက်ခါနဲ့ (၂)နှစ်ကြာ ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး လမ်းခွဲပြီး နှစ်ပတ်အကြာမှာမှ ကိုယ်ဝန်ရှိနေတာကို သိခဲ့ရတယ်လို့ ဇောင်ဘရက်ခါက ဆိုပါတယ်။

လက်ရှိအချိန်မှာ အသက်(၁)နှစ်နဲ့ (၈)လရှိပြီဖြစ်တဲ့ သမီးလေးကို DNA စစ်ကြည့်တဲ့အခါ အိုလီဆေးရဲ့ သမီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပေမဲ့ အိုလီဆေးက ရှေ့နေတွေနဲ့သာ အဆက်အသွယ်လုပ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကလေးစရိတ်လည်း ထောက်ပံ့ခြင်းမပြုတာကြောင့် ဇောင်ဘရက်ခါက ပြင်သစ်တရားရုံးမှာ တိုင်ကြားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဇောင်ဘရက်ခါက အစောပိုင်းမှာ ကလေးစရိတ်အတွက် တစ်လယူရို(၉၀၀)နီးပါးသာ တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်လယူရို(၆၀၀၀၀) တောင်းဆိုထားကြောင်း သိရပါတယ်။

အိုလီဆေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်ပတ်ယူရို(၂၆၀၀၀၀)ဝန်းကျင် ရရှိနေတဲ့ ကစားသမားဖြစ်ပြီး သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ရင် လစာတိုးမြင့်ရရှိဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အိုလီဆေးကတော့ ဇောင်ဘရက်ခါဟာ သူ့ရဲ့ချစ်သူဟောင်းမဟုတ်ကြောင်း၊ ဆုံတွေ့ဖူးခြင်းလည်း မရှိကြောင်း ငြင်းဆိုထားတယ်လို့ သိရပါတယ်။

 

Most Read

Most Recent