ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဟာ ဝက်စ်ဟမ်းအသင်းက နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဆမ်းမားဗီးလ်ကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
အယ်လ်ဟီလာအသင်းက ဆမ်းမားဗီးလ်ကို ပေါင်သန်း(၄၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတာကြောင့် ပေါင်(၅၅)သန်း + Add-ons ကြေး ပေါင်(၅)သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ရာမှာ ဝက်စ်ဟမ်းအသင်းက လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆမ်းမားဗီးလ်(၂၄ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ လိဒ်စ်ကနေ ဝက်စ်ဟမ်းကို ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲဖို့ စီစဉ်ခဲ့တာပါ။
ဆမ်းမားဗီးလ်ကို ရိုးမားအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ပေါင်(၃၉)သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းက လက်မခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အယ်လ်ဟီလာအသင်းက ဆမ်းမားဗီးလ်နဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ဒီနေ့ ဆေးစစ်မှုပြုလုပ်ပြီး စာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း သိရပါတယ်။
ဆမ်းမားဗီးလ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအကြိုကာလမှာမှ လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခြင်းခံခဲ့ရပြီး ပြိုင်ပွဲမှာ နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။















