■ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓားပြတိုက်ခံရ

■ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓားပြတိုက်ခံရ
Published 20 July 2026

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓားပြတိုက်ခံရမှု ဇူလိုင်၂၀ ရက် (ယနေ့)ညနေ ၄နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း (၁၁၀လမ်း)၊ ၆၂လမ်းနှင့် ၆၃လမ်းကြားရှိ မီလျံနာရွှေဆိုင်ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်များမောင်းနှင်လာသည့် လူ၆ဦးခန့်မှ သေနတ်အတို၁လက်ဖြင့် ပစ်ဖောက်၍ ရွှေဆိုင်တွင်း၀င်ကာ ရွှေများယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

" ခုမှ စစ်ဆေးရေတွက်နေတုန်း။ တစ်ပိသာလောက်ရှိမယ်ထင်တယ်။ သေချာမသိရသေးဘူး။ လောလောဆယ်တော့ ကျူးလွန်သူတွေ တစ်ယောက်မှ မမိသေးဘူး။ ဖမ်းဆီးရမိဖို့ အားလုံးဆောင်ရွက်နေကြပါတယ်" ဟု တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါရွှေဆိုင်သို့ ဓါးပြတိုက်ရန်၀င်ရောက်လာသူအမျိုးသားများသည် မျက်နှာအား မက်စ်တပ်ထားပြီး ဆိုင်ကယ်ဦးထုတ်မှန်များချကာ ကာထား၍ သေနတ်ပစ်ဖောက်ကာ မည်သူမျှ အနားမကပ်နိုင်စေရန်ခြောက်လှန့်ကာ ရွှေများလုယူသွားသည်ကို ရုပ်သံမူဗွီဖိုင်အရ သိရသည်။

Most Read

Most Recent