၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ပရိသတ် (၆.၈)သန်းရှိပြီး စံချိန်သစ်ဖြစ်ခဲ့

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ပရိသတ် (၆.၈)သန်းရှိပြီး စံချိန်သစ်ဖြစ်ခဲ့
Photo: FIFA
Photo: FIFA
Published 20 July 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ စုစုပေါင်းပရိသတ် (၆.၈)သန်းရှိပြီး ပြိုင်ပွဲရဲ့သမိုင်းတစ်လျှောက် စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အရင်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်းပရိသတ် အများဆုံးအဖြစ် စံချိန်တင်ထားတာက အမေရိကန်မှာ ကျင်းပခဲ့တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပရိသတ်(၃.၆)သန်း ကြည့်ရှုခဲ့တာပါ။

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပေါင်း(၅၂)ပွဲသာရှိတာကြောင့် တစ်ပွဲပျမ်းမျှ ပရိသတ်(၆၈၉၉၁)ဦး ရှိခဲ့တဲ့အတွက် ပျမ်းမျှပရိသတ်အများဆုံးပြိုင်ပွဲအဖြစ် လက်ရှိအချိန်အထိ စံချိန်တင်ထားကြောင်းလည်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာက ပွဲပေါင်း(၁၀၄)ပွဲ ရှိခဲ့တာကြောင့်လည်း စုစုပေါင်းပရိသတ် စံချိန်တင်ခဲ့တာဖြစ်ပေမဲ့ တစ်ပွဲပျမ်းမျှပရိသတ်ကလည်း (၆၅၄၉၀)ဦး ရှိခဲ့တာကြောင့် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် တစ်ပွဲပျမ်းမျှပရိသတ် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်အများဆုံးကြည့်ရှုခဲ့တဲ့ပွဲစဉ်တွေကတော့ မက္ကဆီကိုနိုင်ငံက အက်ဇ်တေကာကွင်းမှာ ပွဲစဉ်(၅)ပွဲဖြစ်ပြီး ကွင်းလုံးပြည့်အဖြစ် ပရိသတ်(၈၀၈၂၄)ဦး ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Most Read

Most Recent