ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများ ဆောင်ရွက်

ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများ ဆောင်ရွက်
Published 18 July 2026

ချင်းပြည်နယ် ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများ ဆောင်ရွက်နေကြောင််း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များပါဝင်သည့် စုပေါင်းအင်အား ၃၅၂ ဦးဖြင့် ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဒေါက်တာနီခွဲလမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများ၊ ရေမြောင်းများ၊ ခရိုင်၊ မြို့နယ်ရုံး ပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံ၊ သူနာပြုသင်တန်းကျေားင်း ပတ်ဝန်းကျင်တို့ကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ြကကြောင််း သိရသည်။

ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက်အဦများကို ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော်များ၊ မြို့မိမြို့ဖများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် ကုတင် (၂၀၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆေးရုံဝန်းအတွင်း လူအား၊ စက်အားများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အဆောက်အဦ အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည််။

ထိုသို့စစ်ဆေးစဉ်် ဒုတိယဝန်ကြီးက ဖျက်သိမ်းရမည့် အဆောက်အဦများမှ ပြန်လည်အသုံးပြုနိုင်သော ဆယ်တင်ပစ္စည်းများဖြစ်သည့် သွပ်များ၊ သစ်သားများ၊ သံပန်း၊ သံတံခါးများ၊ တံခါးပြူတင်းရွက်များ၊ ကျည်းဘောင်များ၊ ရေသန့်နှင့် လျှပ်စစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းထားရှိရန်၊ ပြန်လည်ပြုပြင်ရမည့် အဆောက်အဦများကိုလည်း ပြုပြင်ရမည့် နည်းလမ်းများကို တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ဖလမ်းမြို့တွင် ယာယီပြည်သူ့ဆေးရုံဖွင့်လှစ်၍ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း (၈၄)ဦးဖြင့် ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း (၁၅၅၄)ဦးအား ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ မြို့ပေါ်ရှိ ဒေသခံများသာမက ကျေးရွာများမှ ဒေသခံပြည်သူများပါ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

တီးတိန်၊ တွန်းဇံ၊ ဖလမ်း မြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်၍၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း (၂၈၅) ဦးဖြင့် လူနာပေါင်း (၁၄၁၂၄) ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး နိုင်ငံတော်မှ ထောက်ပံ့သော ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent