သပိတ်ကျင်းမြို့အနီး ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်၊ ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းအစရှိသည့် နေရာများတွင် သိသိသာသာခံစားခဲ့ရ

သပိတ်ကျင်းမြို့အနီး ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်၊ ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းအစရှိသည့် နေရာများတွင် သိသိသာသာခံစားခဲ့ရ
Published 17 July 2026

သပိတ်ကျင်းမြို့အနီး ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်ခတ်၊ ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း အစရှိသည့် နေရာများတွင် သိသိသာသာခံစားခဲ့ရသည်ဟု သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၇ ရက်မြန်မာစံတော်ချိန် ၇ နာရီ၊ ၅၆ မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ခံများအပြင် ပြင်ဦးလွင်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မဲ အစရှိသည့် မြို့နယ်များတွင် သိသိသာသာခံစားလိုက်ရသည်ဟု သိရသည်။

" ငလျင်က သိသာတယ်။ ကုတင်ကို ဆွဲခါလိုက်သလိုပဲ" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent