မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်းဆောင်ရွွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။
အခွန်ထမ်းပြည်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်နိုင်ရန် အခွန်စိစစ်သည့် ကိစ္စရပ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်မှစ၍ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင််း သိရသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် https://vavs.ird.gov.mm ၌ မိမိ၏ ဖုန်းနံပါတ်ကို အသုံးပြု၍ စနစ်အတွင်းသို့ ဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သောအချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် စနစ်မှ အလိုအလျောက်တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပြီး Online Payment ဖြင့် ကျသင့်အခွန်ကို ပေးဆောင်နိုင်မည်ဖြစ်ကြောင််း သိရသည််။
အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD's Tax Payment Hub မှ တစ်ဆင့် MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကိုအသုံးပြု၍ KBZ Payı AYA Payı CB Payı uab Payı A plus Walletı Citizen Payı OKŞı Wave Moneyı Trusty Payı Zego Payı M-Pitesanı GTB Payi MoMoney စသည်တို့ဖြင့်လည်းကောင်း၊ uab Bankı Shwe Bankı A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်းကောင်း ပေးဆောင်နိုင်ကြောင််း သိရသည််။
အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ်အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက် (e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ်အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေ ရလမ်းတင်ပြမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ ရုံးများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515 သို့လည်းကောင်း၊ techsupport. vavs@ ird.gov.mm & callcenter.vavs@ird.gov.mm သို့ အီးမေးလ်ပေးပို့၍လည်းကောင်း၊ ဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) (၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃ဝ၅၄၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)(၀၂-၄၀၃၀၆၃၇၊ ဝ၂-၄၀၃၀၆၃၈)၊ အီလက်ထရောနစ်ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center) (၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁) နှင့် နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင် သွားရောက်၍ လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။















