■   ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်၏ စာအောင်ဆု နှင့် အောင်လက်မှတ် ဆက်ကပ်ခြင်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

■   ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်၏ စာအောင်ဆု နှင့် အောင်လက်မှတ် ဆက်ကပ်ခြင်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Published 4 July 2026

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်၏ စာအောင်ဆု နှင့် အောင်လက်မှတ် ဆက်ကပ်ခြင်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက် တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော်၏ စာအောင်ဆု နှင့် အောင်လက်မှတ် ဆက်ကပ်ခြင်း နှင့် ရေစက်ချ တရားတော်နာအခမ်းအနား တို့ကို ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ (၈၆) ကြိမ်မြောက် စာပွဲတော်ကြီး နှင့် (၈၉) ကြိမ်မြောက် အာရုံစာပြန်ပွဲတော်ကြီး ၂ ပွဲ စာအောင်ဆု၊ အောင်လက်မှတ် ဆက်ကပ်ခြင်း ၊ ရေစက်ချ တရားတော်နာ အခမ်းအနား ကို ဇူလိုင်လ ၄ ရက် ၊ စနေနေ့၊ ၁၃၈၈ ခုနှစ် ပထမ ဝါဆိုလပြည့်ကျော် (၅) ရက် ၊ မွန်းတည့် ၁၂ နာရီ အချိန်တွင် စတင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပွဲတော်ကြီးတွင် စာချတန်း ရိုးရိုး ကျမ်းပြီးအောင်သော သံဃာတော် တစ်ပါး၊ စာချတန်း ရိုးရိုး (၂) ကျမ်းအောင် ၂ ပါး ၊ စာချတန်း ရိုးရိုး ၁ ကျမ်းအောင် ၂ ပါး ၊ စုစုပေါင်း စာချတန်း အောင်မြင်သော ဆရာတော် သံဃာတော် ၅ ပါး ရှိကြောင်း စာရင်း အရ သိရသည်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပွဲတော်ကြီးတွင် မူလတန်းအဆင့်၊ ပထမတန်း ၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း အဆင့် စုစုပေါင်း အတန်း၇ တန်း တွင် စာရင်းသွင်း သံဃာတော် ၃၂၂၃ ပါး၊ ပျက်ကွက် ၅၂၄ ပါး၊ ဖြေဆိုသူ ၂၆၉၉ ပါး၊ စာမေးပွဲ နှင့် အာရုံ ပြန် ဖြေဆိုခြင်း အောင်မြင်သော သံဃာတော် စုစုပေါင်း ၂၁၄၆ ပါး ရှိကြောင်း စာရင်း အရ သိရသည်။ 

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ နောက်ပိုင်း ၆ နှစ်ကြာအောင် ရပ်နားခဲ့ရသော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာပွဲတော် ကို ၂၀၂၆ ခုနှစ် တွင် ပြန်လည် ကျင်းပခဲ့သဖြင့် ဘုရားဖူး ဧည့်ပရိသတ် အပေါင်း တို့သည် တိုးမပေါက်အောင်စည်ကား သိုက်မြိုက်စွာဖြင့် လာရောက် ဖူးမျှော်ကြသည် ကို မြင်တွေ့ရသည်။

စာမေးပွဲအောင်တော်မူသော ဆရာတော် ၊ သံဃာတော်များအား ကြွချီရာ လမ်းတစ်လျှောက် တွင် ဘုရားဖူး ဧည့်ပရိသတ်များက ပန်းခင်းလမ်း အဖြစ် ပူဇော်ထားကြခြင်း ဖြစ်ကာ၊ ရှေးနှစ်ပေါင်း များစွာ ကပင် ပူဇော်လာခဲ့သော ဓလေ့ တစ်ခုဖြစ်ကြောင်း၊ အင်းသား တိုင်းရင်းသား တို့က နတ်လမ်း ဟု တင်စား ခေါ်ဝေါ်ကြောင်း သိရသည်။ အဆိုပါ နတ်လမ်း (ခေါ်) ပန်းခင်းလမ်းမှာ ဘုရားဝင်း ရှိ ဝင်ပေါက် နေရာတွင် ဒူးဆစ် ခန့် အမြင့်လောက်ရှိသော ပန်းမျိုးစုံ တို့ စုပုံ ပူဇော်ထားကြခြင်း ဖြစ်ကာ၊ ဆရာတော် သံဃာတော် တို့ များကိုလည်း အလှူငွေများ၊ ဝတ္ထုပစ္စည်းများဖြင့် ပူဇော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စာပွဲတော်၏ ထူးခြားချက်မှာ တစ်ရက်အတွင်း နေ့ချင်းပြီး အဖြေလွှာ များကို စစ်ဆေး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၊ စာမေးပွဲ ၇ ရက် ဖြေဆိုပြီး ချိန် တစ်ရက် နားကာ ဇူလိုင်လ ၄ ရက်တွင် အောင်လက်မှတ် ၊ ဆုနှင်းသဘင် နှင့် တရားတော် နာယူခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၄ ရက် အထိ စာပွဲတော်ကို ကိုးရက်တိုင်တိုင် ကျင်းပပြုလုပ်နေခြင်း ဖြစ်ကာ၊ ဇူလိုင်လ ၄ ရက် ၊ စနေနေ့တွင် ဆုနှင်းသဘင် ၊ တရားနာရက် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#ရှမ်းပြည်နယ် #ဝိနယာဒိနုဂ္ဂဟစာပွဲတော် #elevennews

■ 



 

Most Read

Most Recent