လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(ဇူလိုင် ၃ ရက်)နံနက်ပိုင်းတွင် လာအိုနိုင်ငံသိ့ု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည်။
လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သိ့ု ယနေ့(ဇူလိုင် ၃ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို၊ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးတိ့ုအား လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အား ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုခဲ့ကြသည်။
ထို့ပြင် လေဆိပ်၌ နိုင်ငံတော်သမ္မတနှင့် ဇနီး အား ကြိုဆိုသည့် ဆိုင်းဘုတ် စိုက်ထူခြင်း၊ နှစ်နိုင်ငံအလံများ လွှင့်ထူခြင်းနှင့် လမ်းဘေးဝဲယာ၌ လာအိုကင်းထောက်လူငယ်လေးများက ကြိုဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လာအိုသမ္မတ သောင်လောင်ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းဖြစ်သည်။
လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ယခုခရီးစဉ်သည် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။















