ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပေမဲ့ ယုံကြည်မှုအပြည့်ရှိကြောင်း အန်ဆယ်လော့တီ ပြောကြား

ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပေမဲ့ ယုံကြည်မှုအပြည့်ရှိကြောင်း အန်ဆယ်လော့တီ ပြောကြား
Photo: X
Photo: X
Published 29 June 2026

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပေမဲ့ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်မှာ ဂျပန်အသင်းနဲ့ ဆုံတွေ့နေပြီး ဒီည မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်က ဒီပွဲမှာ အနိုင်ရဖို့ ပိုရေပန်းစားနေပေမဲ့ ဂျပန်အသင်းက ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲဆက် ရှုံးပွဲမရှိတာကြောင့် ဘရာဇီးလ်အသင်းအတွက် ခက်ခဲနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘရာဇီးလ်က (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ အုပ်စုပထမရရှိခဲ့တာဖြစ်ပြီး ဂျပန်အသင်းကလည်း (၁)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ ရှုံးပွဲမရှိ အုပ်စုဒုတိယရရှိခဲ့တာပါ။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက ''ကျွန်တော် Mind Games တွေ မလုပ်ပါဘူး။ ကျွန်တော်တို့ ပွဲအပေါ်၊ ပြိုင်ဘက်ရဲ့ အရည်အသွေးအပေါ်နဲ့ အခက်အခဲတွေ ရင်မဆိုင်ရအောင် ပြင်ဆင်ဖို့အပေါ်ပဲ အာရုံစိုက်ထားပါတယ်။ ရှုံးထွက်အဆင့်မှာ အရာများစွာ ဖြစ်လာနိုင်ပါတယ်။ ဒါက ဒုတိယအကျော့ မရှိပါဘူး။ ဒါပေမဲ့ ယုံကြည်မှုအပြည့်ရှိပါတယ်။ အသင်းက ဘယ်အရာကိုမဆို ဖြစ်အောင်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပါပြီ'' လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီက စကော့တလန်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ တိုုက်စစ်မှူး နေမာအနေနဲ့လည်း (၁၅)မိနစ်ထက်ပိုပြီး ကစားနိုင်ပြီဖြစ်ကြောင်းနဲ့ ပွဲအခြေအနေအပေါ် မူတည်ပြီး အသုံးပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent