၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ နှစ်ဦး စာမေးပွဲအောင်မြင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ ဖြစ်ကြသော ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ နှစ် ဦး၊ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းမှ သုံး ဦး၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်း(မန္တလေး)မှ တစ် ဦး၊ လပွတ္တာ လူငယ့်အားမာန်သင်တန်းကျောင်းမှ တစ်ဦး၊ မန္တလေး လူငယ်သင်တန်းကျောင်းမှ လေးဦး အောင်မြင်ကြောင်း သိရသည်။
အလားတူ အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦးဖြေဆို အောင်မြင်ခဲ့ပြီး ယခုနှစ်နှင့်ပါဆိုလျှင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဖြေဆိုအောင်မြင်မှုမှာ ၁၀၀ ရာခိုင်နှုန်းဖြင့် ငါးနှစ် ဆက်တိုက် ဖြေဆိုအောင်မြင်မှုဖြစ်ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး၊ စုစုပေါင်း အကျဉ်းသား ၄၆ ဦး အောင်မြင်ခဲ့ကြောင်း၊ အောင်မြင်သူများတွင် သုံးဘာသာဂုဏ်ထူးရှင် ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ခြောက်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး ပါဝင်ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလဖု့းအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့သည်။















