ဗင်နီဇွဲလားနိုင်ငံ၌ စက္ကန့်ပိုင်းခြားကာ ဆက်တိုက်လှုပ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှစ်ခုကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရရှိ

ဗင်နီဇွဲလားနိုင်ငံ၌ စက္ကန့်ပိုင်းခြားကာ ဆက်တိုက်လှုပ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှစ်ခုကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရရှိ
Published 25 June 2026

ပြင်းထန်သောာတုန်ခါမှုမျာက အ ဆောက်အအုံများကို ပြိုကျစေခဲ့ပြီး လူများအထိတ်တလန့် ထွက်ပြေး ခဲ့ရသည့်အနေအထားကို ဖြစ်စေခဲ့ပြီးနောက် အင်အားပြင်း မြေငလျင်နှစ်ခုလှုပ်ခဲ့ခြင်းကြောင့် ၃၂ ဦးသေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့သည် ဟု ဗင်နီဇွဲလားယာယီသမ္မတက ဇွန် ၂၅ ရက် တွင် ပြောကြားခဲ့သည်။

ယာယီသမ္မတဒယ်စီရိုဒရီဂွက်ဇ်က အရေးပေါ်အခြေအနေ ချက်ချင်းကြေညာခဲ့  ရသည့် မြေငလျင်များ လှုပ်ခဲ့ပြီးနောက် အာဏာပိုင်များနှင့် ဗင်နီဇွဲလားပြည်သူများ က အပျက်အစီးပုံများပေါ်တွင် အသက်ရှင် ကျန်ရစ်သူများကို တက်ရောက်ရှာဖွေနေကြသည်။

​ဇွန် ၂၄ ရက်ကလှုပ်ခဲ့သည့် အဆိုပါ အင်အားပြင်းငလျင်များကြောင့် မြို့တော်ရှိ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရပြီး နိုင်ငံ၏ အဓိကလေဆိပ်ကိုလည်း ပိတ်ထား ခဲ့ရသည်။ ယင်းအခြေအနေကြောင့် အမေရိ ကန် သမ္မတ ဒေါ်နယ်ထရန့်က အကူအညီ  ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

​အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရဗင်နီဇွဲ လားနိုင်ငံ၏ ဒေသတစ်ခု တည်းတွင်ပင် ပြင်း အားပမာဏ ရဒသမ၂ နှင့် ရဒသမ၅ အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခု လှုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းင်းနောက်တွင် နောက်ဆက်တွဲငလျင်ပေါင်း ၂၀ ခန့် ထပ်မံလှုပ်ခဲ့သည်ဟုဒယ်လ်စီရိုဒရီ ဂွက်ဇ်က ပြောကြားခဲ့သည်။

​ငလျင်လှုပ်ခတ်မှုကြောင့် မြို့တော် နေပြည်သူများ ထိတ်လန့်တုန်လှုပ်ကာ လမ်း များပေါ်သို့ အလုအယက် ပြေးထွက်ခဲ့သည်ကို AFP သတင်းထောက်များက မြင်တွေ့ခဲ့ရ သည်။ အသက် ၅၄ နှစ်အရွယ် ဘဏ်ဝန် ထမ်းတစ်ဦးက “လှေကားတွေ ပြုတ်ထွက် ကုန်ပြီး နံရံတစ်ခုလုံး အက်ကွဲသွားတယ်။ မျက်နှာကျက်က ပစ္စည်းတွေလည်း အကုန် ပြုတ်ကျလာတာ၊ တကယ်ကို ကြောက်စရာ ကြီးပါ” ဟု ၎င်းင်း၏ အတွေ့အကြုံကို ပြောပြခဲ့ သည်။

​​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၂၄ ရက်ညပိုင်းတွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စာနာစကားဆိုခဲ့ပြီး “ဗင်နီဇွဲလားပြည်သူတွေ ကြုံတွေ့လိုက်ရတဲ့ အင်အားပြင်းငလျင်နှစ်ခု ဟာ အတိုင်းအဆကြီးမားပြီး စိတ်နှလုံးထိခိုက်စရာကောင်းလောက်အောင် သေဆုံးမှု တွေရှိနေပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ကူညီဖို့ အသင့်ရှိနေသလို ကူညီနိုင်စွမ်းလည်း အပြည့်ရှိပါတယ်။ အစိုးရဌာနအားလုံးကို အမြန်ဆုံးလှုပ်ရှားနိုင်အောင် ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်”ဟု ရေးသားဖော်ပြခဲ့သည်။

​ကရာကက်ရှိ အာလ်တာမီရာ ရပ်ကွက်တွင် ၂၂ ထပ်ရှိ အဆောက်အအုံတစ်ခုလုံး လုံးဝပြိုကျပျက်စီးသွားခဲ့ပြီး၊ စေတနာ့ဝန် ထမ်းများက အပျက်အစီး များကြားထဲတွင် လိုက်လံရှာဖွေနေစဉ် ပြည်သူများက ၎င်းတို့၏ ဆွေမျိုးသားချင်းများ၏အမည်များကို   အော်၍ငိုကြွေးကာ ရှာဖွေနေကြကြောင်း သတင်းထောက်တစ်ဦးက ပြောကြားသည်။          ​         

ပထမဆုံးငလျင်သည် ကမ်းရိုးတန်းမြို့ မိုရွန်၏အနောက်ဘက် ၂၁ ကီလိုမီတာ (၁၃ မိုင်) အကွာကို ဗဟိုပြု၍လှုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် တစ်မိနစ်မပြည့်မီ ထိုနေရာနှင့် ၄၅ ကီလိုမီတာအကွာ၌ ပြင်းအား ရဒသမ၅ရှိ ဒုတိယငလျင်ကြီး ထပ်မံလှုပ်ခဲ့ခြင်းဖြစ် ကြောင်း USGS က အတည်ပြုထုတ်ပြန်ခဲ့သည်။                                               Ref;AFP

Most Read

Most Recent