မြစ်ကြီးနား–မိုးညှင်း ရထားလမ်းပိုင်းကို ဇူလိုင်လအတွင်း ပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဘူတာလေးခုနှင့် တံတားဆိုင်ရာ လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ထား

မြစ်ကြီးနား–မိုးညှင်း ရထားလမ်းပိုင်းကို ဇူလိုင်လအတွင်း ပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဘူတာလေးခုနှင့် တံတားဆိုင်ရာ လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ထား
Published 25 June 2026

မြစ်ကြီးနားမိုးညှင်း မီးရထားလမ်းပိုင်း ပြုပြင်ရေးလုပ်ငန်းများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇွန်လ ၂၃ ရက်တွင် မိုးညှင်းခရိုင်အတွင်း စစ်ဆေးခဲ့သည်။

ခရီးစဉ်အတွင်း နန်းမားဘူတာ၊ ဟိုပင်ဘူတာနှင့် ဆားမှော်ဘူတာတို့ရှိ ရထားလမ်းနှင့် ဘူတာပြုပြင်ရေးလုပ်ငန်းများ၊ မိုင်းခွဲဖျက်ဆီး ခံထားရသည့် နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင် တိုင် ၆၄၂/၁၇-၁၈ ရှိ တံတားအမှတ် (၆၁၁)၊ နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင်တိုင် ၆၄၅/ ၁၀-၁၁ ရှိ တံတား အမှတ်(၆၁၅) နှင့် ဟိုပင်နှင့် နန်းခွင်ဘူတာကြား(၆၂၇) တို့တွင် သံဘောင်ထည့်သွင်းခြင်း၊ သံလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဆေးခဲ့သည်။

ထိုသို့ ပြုပြင်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဝန်ကြီးချုပ်က  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်သည် ဒေသခံများနှင့် တွေ့ဆုံ၍ ရထားလမ်းကိုဇူလိုင်လအတွင်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ပြောကြားသည်။

မြန်မာ့မီးရထားအရ မိုးကောင်းမိုးညှင်း လမ်းပိုင်း (၅၂ ဒသမ ၂၅) မိုင်အား ၂၀၂၆ ခုနှစ် မတ်လမှ စတင်ပြုပြင်နေပြီး လက်ရှိတွင် ဘူတာ (၄)ခုနှင့် တံတားဆိုင်ရာ လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ထားကြောင်းကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent