အိန္ဒိယနိုင်ငံ လက်ခ်နောင်းမြို့ရှိ လေ့ကျင့်ရေးစင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံးလူ ၁၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံ လက်ခ်နောင်းမြို့ရှိ လေ့ကျင့်ရေးစင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံးလူ ၁၅ ဦး သေဆုံး
Published 23 June 2026

အိန္ဒိယနိုင်ငံမြောက်ပိုင်း လက်ခ်နောင်းမြို့ရှိ အန်နီမေးရှင်းလေ့ကျင့်ရေးစင်တာ တစ်ခုတွင် ဇွန် ၂၂ ရက်က မီးလောင်မှုဖြစ်ပွား၍ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် အများစုမှာ ကျောင်းသားများဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မီးလောင်မှုမှာ အိန္ဒိယနိုင်ငံ၏ လူဦးရေအထူ ထပ်ဆုံးဖြစ်သောဥတ္တရာပရာဒေ့ရှ်ပြည်နယ်၏ မြို့တော် လက်ခ်နောင်းရှိ အာလီဂန့်ဂျ်ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါအဆောက်အအုံ၏ အောက်ထပ်များတွင် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်နှင့် တိရစ္ဆာန်ဆေးကုခန်းတို့ ရှိပြီး အပေါ်ထပ်များတွင် စာသင်စင်တာနှင့် အန်နီမေးရှင်းစတူဒီယိုတစ်ခုတို့ တည်ရှိသည်။

သတင်းရုပ်သံဖိုင်များတွင် လူအုပ်ကြီးစုရုံးနေစဉ်အတွင်း ယူနီဖောင်း ဝတ်အမျိုးသားတစ်စုက ရုပ်အလောင်းများကို သယ်ဆောင်လာသည်ကို တွေ့ရသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် ကျောင်းသား ၂၁ ဦးခန့် ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး ၎င်းတို့အနက် နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ လေးဦးမှာမူ အခြေအနေ တည်ငြိမ်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထိုစင်တာသည် ကျောင်းသားများကို အန်နီမေးရှင်းဖန်တီးမှုဆိုင်ရာ သင်တန်းပေးသည့် နေရာဖြစ်သည်။                      

Ref: Reuters

Most Read

Most Recent