ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
■ တောင်ကြီးမြို့နယ် တောင်လေးလုံးရှိ စက်သုံးဆီဆိုင်နှစ်ဆိုင်နှင့် တောင်လေးလုံးနှင့် ဟဲဟိုးကြား ပြည်ထောင်စု လမ်းမ ကြီးတို့တွင် မိုင်းပေါက်ကွဲ
■ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ပြည်ပနိုင်ငံသား ၁၉ ဦးကို တရားမဝင်ရွှေတူးဖော်ခြင်း၌ အသုံးပြု သည့်ယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး
■ ပင်တဂွန်က တရုတ်ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန် ကုမ္ပဏီများကို ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်
■ ဓာတ်ပုံတွဲရိုက်ရန် ၎င်းဘက်က ခယတောင်းဆိုခဲ့သည်ဆိုသည့် ထရန့်၏မှတ်ချက်ဟာ လုပ်ကြံပြောခြင်းဟု အီတလီ ဝန်ကြီးချုပ် ပြန်ဖြေရှင်း
■ ကစားသမား မှတ်ပုံတင်ကိစ္စ အဆင်မပြေမှုကြောင့် ထိုင်းလူငယ်အမျိုးသမီးကစားသမား ခိုပွန်နဲ့ ဧရာဝတီအသင်း လမ်းခွဲ











