နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်      ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းရောက်ရှိ

နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်      ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းရောက်ရှိ
Published 17 June 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေသည့်  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဇွန် ၁၇ ရက်)တွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းရောက်ရှိ​ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့ South Railway Station မှ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Hua Chunying ဦးဆောင်သည့်အစိုးရအဖွဲ့ဝင်များ၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ကြသည်။ 

ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြု တပ်ဖွဲ့မှလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်တွင် နေရာယူအလေးပြု၍ နိုင်ငံတော် သမ္မတအား ပို့ဆောင်နှုတ်ဆက်သည်။ 

နိုင်ငံတော်သမ္မတသည် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် သွား ရောက်စဉ် လမ်းခရီးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုး တက်မှုများ၊ ရထားလမ်းနယ်များ စနစ်တကျရှိမှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ လူနေ ထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ အခြေခံ အဆောက်အဦဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ရထားလမ်းကြောင်းတစ်လျှောက် သစ်ပင်များအား ပင်ခြား၊ တန်ခြား မှန်ကန်စွာဖြင့် စိုက်ပျိုးထားရှိမှုများ စသည်တို့ကို ကြည့်ရှုလေ့လာ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ သည် High-Speed Railway G23 ပေါ်၌ စားသောက် ဖွယ်ရာများ ဝန်ဆောင်မှုပေးထားမှုများ၊ ခရီးသည်များသက်တောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရေးစီမံဆောင်ရွက်ပေးထားမှုများကိုလည်း မြန်မာ့ မီးရထားဆက်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည် ဖော်ဆောင်ရာတွင် အတွေ့အကြုံယူ အသုံးပြုနိုင်ရေးအတွက် မေးမြန်းလေ့လာဆွေးနွေးခဲ့သည်။ 

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ ရောက်ရှိကြရာ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ‌ရှန်ဟိုင်းမြို့တွင်  Fairmont Peace ဟိုတယ်၌ ခေတ္တတည်းခိုမည်ဖြစ်သည်၊ 

Most Read

Most Recent