■မွန်ပြည်နယ်အတွင်း Placement Text (အထူးအစီအစဉ်) ဖြေဆိုရန်စာရင်းပေးထားသည့် ကျောင်းသား/သူ (၁၂၁၂) ဦးရှိသည့်အနက် (၁၁၁၀) ဦး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့

■မွန်ပြည်နယ်အတွင်း Placement Text (အထူးအစီအစဉ်) ဖြေဆိုရန်စာရင်းပေးထားသည့် ကျောင်းသား/သူ (၁၂၁၂) ဦးရှိသည့်အနက် (၁၁၁၀) ဦး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့
■ပုံစာ - သထုံမြို့ Placement Test ဖြေဆိုနေကြသည်ကိုတွေ့ရစဉ်
■ပုံစာ - သထုံမြို့ Placement Test ဖြေဆိုနေကြသည်ကိုတွေ့ရစဉ်
Published 16 June 2026

မွန်ပြည်နယ်အတွင်း Placement Text (အထူးအစီအစဉ်) ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/သူ (၁၂၁၂) ဦးရှိသည့်အနက် ဇွန်လ (၁၅) ရက်နေ့က ကျောင်းသား/သူ (၁၁၁၀) ဦး စာမေးပွဲဝင်ရောက် ဖြေဆိုခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း Placement Text (အထူးအစီအစဉ်) ဖြေဆိုသည့် Grade – 1 ကျောင်းသား/သူ (၈၀) ဦး၊ Grade – 2  ကျောင်းသား/သူ (၁၀၀) ဦး၊ Grade – 3 ကျောင်းသား/သူ (၉၃) ဦး၊ Grade – 4 ကျောင်းသား/သူ (၂၃၃) ဦး၊ Grade – 5 ကျောင်းသား/သူ (၁၆၈) ဦး၊ Grade – 6 ကျောင်းသား/သူ (၁၄၁) ဦး၊ Grade – 7 ကျောင်းသား/သူ (၁၂၉) ဦးနှင့် Grade – 8 ကျောင်းသား/သူ (၆၁) ဦး  စုစုပေါင်း စာရင်းရှိ (၁၂၁၂) ဦး ရှိသည့်အနက် (၁၁၁၀) ဦး  ဖြေဆိုခဲ့ကြပြီး (၁၀၂) ဦးပျက်ကွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းမှာ Placement Text (အထူးအစီအစဉ်) ဖြေဆိုကြမယ့် ကျောင်းသား/သူတွေအတွက် မြို့နယ်တစ်ခုမှာ စာစစ်ဌာန တစ်ခုစီဖွင့်လှစ်ပေးထားပါတယ် ဟု ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထို Placement Test (အထူးအစီအစဉ်) ဖြေဆိုရမည့် စာစစ်ဌာနများအနေဖြင့် ကျိုက်ထိုမြို့နယ်တွင် အ.ထ.က (၁) ကျိုက်ထို၊ ဘီးလင်းမြို့နယ်တွင် အ.ထ.က (၁) ဘီးလင်း၊ သထုံမြို့နယ်တွင် အ.ထ.က (၁)  သထုံ၊ ပေါင်မြို့နယ်တွင် အ.ထ.က (ပေါင်)၊ မော်လမြိုင်မြို့နယ်တွင် အ.ထ.က (၆)၊ ချောင်းဆုံမြို့နယ်တွင် အ.ထ.က (ချောင်းဆုံ)၊ ကျိုက်မရောမြို့နယ်တွင် အ.ထ.က (ချောင်းဆုံ)၊ မုဒုံမြို့နယ်တွင် အ.ထ.က (၁) မုဒုံ၊ သံဖြူဇရပ်မြို့နယ်တွင် အ.ထ.က (၁) သံဖြူဇရပ်နှင့် ရေးမြို့နယ်တွင် အ.ထ.က (၁) ရေးမြို့ စသည်ဖြင့် သတ်မှတ်ပေးထားကြောင်း သိရသည်။

Placement Test (အထူးအစီအစဉ်) အား ဇွန်လ (၁၅) ရက်နေ့မှ (၂၀) ရက်နေ့အထိ သတ်မှတ်ထားသည့် ဘာသာရပ်အလိုက်ဖြေဆိုသွားကြရမည်ဖြစ်သည်။

 

Most Read

Most Recent