မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိသည့် နီလာအရိုင်းတုံးနှင့် ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)ရှိ နီလာပုံဆောင်ခဲကို နိုင်ငံတော်ထံအပ်နှံ

မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိသည့် နီလာအရိုင်းတုံးနှင့် ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)ရှိ နီလာပုံဆောင်ခဲကို နိုင်ငံတော်ထံအပ်နှံ
Published 14 June 2026

မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိသည့် နီလာအရိုင်းတုံးကြီး နှင့် ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)ရှိသည့် နီလာပုံဆောင်ခဲတို့အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော်ထံသို့လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

 အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးခဲ့သည်။

 ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊  နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရသည်။

 နိုငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီး နှင့် နီလာပုံဆောင်ခဲတို့၏  အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြခဲ့သည်။

 ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိသော နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်း မှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent