မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရွိုင်ကင်းက အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ပြဿနာပြေလည်သွားပြီဖြစ်ကြောင်း ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၀၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၂၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ပွဲစဉ် ၃၇ အဖြစ် နော်တင်ဟမ်နဲ့ပွဲတွင် အွန်နရီ၊ ဒီဘရိုင်းနားတို့ရဲ့ အကြိမ် ၂၀ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်စ်ပြောကြားခဲ့တဲ့ မှတ်ချက်စကားကို ရွိုင်ကင်းက နားလည်မှုလွဲပြီး ဝေဖန်ရာမှတစ်ဆင့် အပြန်အလှန်စွပ်စွဲမှုများရှိခဲ့ခြင်းဖြစ်ပါတယ်။
''အကြောင်းအရာတွေ အများကြီးဖြစ်ခဲ့သလို သတင်းတွေလည်း အများကြီးထွက်ပေါ်ခဲ့ပါတယ်။ သူက ယူနိုက်တက်အတွက် အရေးပါတဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်သလို ကျွန်တော်ကလည်း ယူနိုက်တက်ကစားသမားဟောင်းတစ်ယောက်ပါ။ ဒီလိုမျိုး အပြန်အလှန်ဆက်သွယ်ပြီး သေချာစကား ပြောနိုင်ခဲ့တဲ့စိတ်ကူးကို ကျွန်တော် တကယ်သဘောကျပါတယ်။ သူလည်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ အကြောင်းအရာအစုံကို သေချာစကားပြောခဲ့ကြပြီး အဲဒီနောက်မှာ ကျွန်တော် စိတ်ထဲပိုပြီး နေကောင်းသွားပါတယ်'' လို့ ရွိုင်ကင်းက ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ယခုနွေရာသီမှာ ကက်ဆီမီရို၊ ဆန်ချိုနဲ့ မာလာစီယာတို့အပါအဝင် ကစားသမားခြောက်ဦးနဲ့ လမ်းခွဲဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်နဲ့ ပြဿနာပြေလည်သွားပြီဖြစ်ကြောင်း ရွိုင်ကင်း ဖွင့်ဟ
Most Read
Most Recent
3 hours ago















