စစ်အသုံးစရိတ် အငြင်းပွားမှုကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့် ကြည်းတပ်ဝန်ကြီးတို့ နုတ်ထွက်သွားခဲ့ရာ ဝန်ကြီးချုပ်ကီယာစတာမားကို ဖိအားများသက်ရောက်လာ

စစ်အသုံးစရိတ် အငြင်းပွားမှုကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့် ကြည်းတပ်ဝန်ကြီးတို့ နုတ်ထွက်သွားခဲ့ရာ ဝန်ကြီးချုပ်ကီယာစတာမားကို ဖိအားများသက်ရောက်လာ
Published 12 June 2026

စစ်အသုံးစရိတ် အငြင်းပွားမှုများကြောင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့် ကြည်းတပ်ဝန်ကြီးတို့သည် ဇွန် ၁၁ ရက်တွင် နုတ်ထွက်သွားခဲ့ရာ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခံနေရသည့် သောကပတ်လည် ၀ိုင်းနေသော ဝန်ကြီးချုပ်ကီယာစတာမားအပေါ်ဖိအားများ သက်ရောက်လာခဲ့သည်။

ဝန်ကြီးချုပ်ကီယာစတာမား၏ကာလ ရှည်စောင့်ခဲ့ရသောနောက်လာမည့်ဆယ်စုနှစ်အထိ ရန်ပုံငွေများအတွက် ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုစီမံကိန်း(DIP)သည် ဗြိတိန်ကို ဘေးကင်းမှုလျော့နည်းစေမည့် အန္တရာယ်ရှိ နေကြောင်း သတိပေးပြောကြားကာ, ကာကွယ်ရေး ဝန်ကြီးဂျွန်ဟီးလီ နုတ်ထွက်သွားခဲ့သည်။ ဝန်ကြီးချုပ် ကီယာစတာမားက အဆိုပါ စီမံကိန်းကို ထုတ်ပြန်ခြင်း မပြုသေးပေ။

ဇွန် ၁၁ ရက်ညနေပိုင်းတွင် အယ်ကန်းသည် ဟီးလီ၏လက်ထောက် ပါမီလာနက်ရှ်နှင့်အတူ ကြည်းတပ်ဝန်ကြီးအဖြစ်မှ နုတ်ထွက်သွားသောကြောင့်သူသည် ကာကွယ်ရေးနယ်ပယ်မှ နုတ်ထွက်သည် ဒုတိယရာထူး အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ယင်းပုဂ္ဂိုလ်များ၏နုတ်ထွက်မှုများသည် မရေမရာဖြစ်နေသော အချိန်ကာလတွင် ဝန်ကြီးချုပ်ကီယာစတာမား၏အခွင့်အာဏာ ကို အားနည်းစေသည်။ ကီယာစတာမားနေရာကို အစားထိုးရန် ကြိုးပမ်းမှုဖြစ်လာနိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်အလိုတွင် ကာကွယ်ရေးဝန်ကြီးနှင့် ကြည်းတပ်ဝန်ကြီးတို့ နုတ်ထွက်သွားခြင်းဖြစ်သည်။

နုတ်ထွက်စာတွင် ဟီးလီက “ခြိမ်းခြောက်မှုတွေ တိုးလာတဲ့အချိန်ကာလမှာ တိုင်းပြည်ကိုကာကွယ်ဖို့ နိုင်ငံတော်ကလို အပ်နေတဲ့အရင်းအမြစ်တွေကို အသုံးပြုဖို့ ခင်ဗျားမတတ်နိုင်ပါဘူး။ ဘဏ္ဍာရေးဝန်ကြီး ဌာနလည်း ဆန္ဒမရှိပါဘူး”ဟု ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ၏ နုတ်ထွက်စာကို ဝန်ကြီးချုပ်ကီယာစတာမားက သူ၏ X အကောင့်တွင် ပို့စ်တင်ခဲ့သည်။

“ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေ လိုအပ်တဲ့ အရင်းအမြစ်တွေ ထုတ်မပေးနိုင်တဲ့ DIP စီမံကိန်းကို ကျွန်တော် လက်မခံနိုင်ပါဘူးလို့  ခင်ဗျားကို ရှင်းပြခဲ့ပြီးတဲ့နောက် ကျွန်တော် ဟာ နုတ်ထွက်စာတင်ရုံကလွဲလို့ အခုချိန်မှာ အခြားရွေးချယ်စရာမရှိပါဘူး”ဟု ဟီးလီက နုတ်ထွက်စာတွင် ဆက်လက်ဖော်ပြထားသည်။

ဟီးလီနေရာတွင် စစ်တပ်အရာရှိဟောင်း ဒန်ဂျာဗစ်ကို အစားထိုးခန့်အပ်လိုက်သောကြောင့် ဒန်ဂျာဗစ်သည် ပြည်ထဲရေး ဝန်ကြီးဌာန၌ အငယ်တန်းဝန်ကြီးအဆင့် ရာထူးမှသည် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

“ကျွန်တော့်ရဲ့ပထမဆုံး တာဝန်ကတော့ ဗြိတိသျှပြည်သူတွေ ဘေးကင်းစေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အမျိုးသားလုံခြုံရေး ကို အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှ ကို ကျွန်တော် အမြဲတမ်းဆောင်ရွက်သွားပါမယ်”ဟု ဂျာဗစ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးနောက် ဝန်ကြီးချုပ် စတာမားက ပြောကြားခဲ့သည်။

“အခု လေဘာအစိုးရဟာ စစ်အေး နောက်ပိုင်း ကာကွယ်ရေးအသုံးစရိတ်ကို အများဆုံး ဆက်လက် တိုးသုံးနေတာဖြစ်ပါတယ်”ဟုဆိုခဲ့ပြီးအန္တရာယ်များပြီးမတည် ငြိမ်သောကမ္ဘာတွင် နိုင်ငံတော်လုံခြုံရေး အတွက် ကြည်းတပ်ကို စွမ်းရည်များရှိစေမည်ဟု ဆိုသည်။                                  

Ref: AFP       

Most Read

Most Recent