အနယ်နယ်အရပ်ရပ်မှ လာ​ရောက်ပြီး မြဝတီမြို့ လမ်းဆုံ​နေရာများ၌ အုပ်စုဖွဲ့ တောင်းရမ်းစား​သောက် သူများကို နယ်နှင်အပြစ်​ပေးကာ ၎င်းတို့၏နေရပ်များသို့ ပြန်ပို့

အနယ်နယ်အရပ်ရပ်မှ လာ​ရောက်ပြီး မြဝတီမြို့ လမ်းဆုံ​နေရာများ၌ အုပ်စုဖွဲ့ တောင်းရမ်းစား​သောက် သူများကို နယ်နှင်အပြစ်​ပေးကာ ၎င်းတို့၏နေရပ်များသို့ ပြန်ပို့
Published 11 June 2026

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သို့ အနယ်နယ်အရပ်ရပ်မှ လာ​ရောက်ပြီး မြို့လယ်လမ်းဆုံ​နေရာများ၌ အုပ်စုဖွဲ့ တောင်းရမ်းစား​သောက် သူများအား သက်ဆိုင်ရာမှ ဇွန် ၁၁ ရက်​က နယ်နှင်အပြစ်​ပေးကာ မိမိ​နေရပ်သို့ ​မော်​တော်ယာဉ်များဖြင့် အခမဲ့တာဝန်ယူပို့​ဆောင် ပေးလိုက်​ကြောင်း သိရသည်။

မြဝတီမြို့ ဘုရားကြီး မီးပွိုင့်လမ်းဆုံ၊ ဘုရင့်​နောင် ​စျေးကြီး မီးပွိုင့် လမ်ဆုံနှင့် ​စျေးအတွင်း ရပ်ကွက်အတွင်း ​တောင်းရမ်းစား​သောက်သူများအား သက်ဆိုင်ရာမှ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်​ရေးရုံးသို့ ​ခေါ်ယူစစ်​ဆေးရာ ၎င်းတို့မှာ မြဝတီမြို့ခံများမဟုတ်ကြပဲ အနယ်နယ်အရပ်ရပ်မှ လာ​ရောက် ​တောင်းရမ်းစား​သောက်သူများဖြစ်​ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည်နှင့်အညီ နိုင်ငံခြားခရီးသွားဧည့်သည်များ၊ ပြည်တွင် ခရီးသွား ဧည့်သည်များ ဝင်​ရောက်မှုရှိ​ပြီး မြဝတီမြို့ ပုံရိပ်ကိုထိခိုက်​စေသည့်အတွက် နယ်နှင်ပြစ်ဒဏ်အဖြစ် ၎င်းတို့​နေထိုင်ရာမြို့များသို့ အခမဲ့ပို့​ဆောင်​ပေးသွားမည်ဖြစ်​ကြောင်း မြဝတီမြို့နယ်စည်ပင်သာယာ​ရေးဦးစီးဌာမှ လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးရဲဝင်းဦးက​ပြောသည်။

"မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူပြီး ယခုလိုလုပ်ဆောင်ရတာပါ။ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ထိ စုစုပေါင်း ၁၆ ယောက်ပေါ့။ သူတို့ ဌားရမ်းနေထိုင်တဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ ခေါ်ပြောထားပါတယ်။ သူတို့အားလုံးကို ခံဝန်လက်မှတ်များထိုးစေပြီး သူတို့နေထိုင်တဲ့ မြို့ရွာအထိ အခမဲ့ ပြန်ပို့ပေးမှာပါ" ဟု မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလင်းဦးက ပြောသည်။

မြဝတီမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြဝတီခရိုင်ရဲတပ်ဖွဲ့၊ လူမှူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ​ခေါ်ယူ စစ်​ဆေးပြီး နယ်နှင်ပြစ်ဒဏ်ပေးကာ ၎င်းတို့၏ ​နေရပ်သို့ ပို့​ဆောင်​ပေးသည့် ​တောင်းရမ်းစား​သောက်သူ ၁၆ ဦးရှိ​ကြောင်း၊ အများစုမှာ စစ်ကိုင်းနှင့် ရန်ကုန်ဘက်မှ လာ​ရောက်ပြီး အိမ်ခန်းငှား ​နေထိုင်ကာ လမ်းဆုံလမ်းခွ လူစည်ကားရာ ​နေရာများ၌ အုပ်စုဖွဲ့ ​တောင်းရမ်း​စား​သောက်​နေထိုင်သူများဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent