မော်ရင်ဟိုအတွက် လျော်ကြေးယူရို(၁၅)သန်းရရှိကြောင်းနဲ့ မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဘင်ဖီကာ အတည်ပြု

မော်ရင်ဟိုအတွက် လျော်ကြေးယူရို(၁၅)သန်းရရှိကြောင်းနဲ့ မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဘင်ဖီကာ အတည်ပြု
Photo: Benfica
Photo: Benfica
Published 10 June 2026

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက နည်းပြ မော်ရင်ဟိုအတွက် ရီးယဲလ်အသင်းဆီက လျော်ကြေးငွေ ယူရို(၁၅)သန်းရရှိကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ရီးယဲလ်အသင်းက ဘင်ဖီကာအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ မော်ရင်ဟိုကို ခေါ်ယူခဲ့တာကြောင့် လျော်ကြေးပေးခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ရခြင်းမရှိသေးပေမဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ လျော်ကြေးငွေပမာဏနဲ့ ပတ်သက်ပြီး ရီးယဲလ်က ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဘင်ဖီကာအသင်းက အတိအလင်း ဖော်ပြခဲ့တာပါ။

ဘင်ဖီကာအသင်းက လမ်းခွဲသွားတဲ့ မော်ရင်ဟိုရဲ့နေရာမှာ ဖူလ်ဟမ်နည်းပြဟောင်း မာကိုဆေးလ်ဗားကို အစားထိုးခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မာကိုဆေးလ်ဗားကို (၂)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်မယ့် သဘောတူညီမှုလည်းပါဝင်မယ်လို့ ဘင်ဖီကာအသင်းက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီနည်းပြ မာကိုဆေးလ်ဗားဟာ ၂၀၁၅ ခုနှစ်ကတည်းက ပြည်ပကို ထွက်ခွာခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်မှ ပေါ်တူဂီဘောလုံးလောကကို ပြန်လည်ရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။

Most Read

Most Recent