■ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ ၊ ဗုဒ္ဓဝံသ သုကုမာရီဘွဲ့၊ ဗုဒ္ဓဝံသ ဗဟုဿုတဓရဘွဲ့ရ ပထမ ဆုရှင် မအိမ့်ချစ်သူ (ရှမ်းပြည်နယ် ကိုယ်စားပြု အေးမြကရုဏာ ဓမ္မစကူးလ်) နှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်

Published 6 June 2026

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ ၊ ဗုဒ္ဓဝံသ သုကုမာရီဘွဲ့၊ ဗုဒ္ဓဝံသ ဗဟုဿုတဓရဘွဲ့ရ ပထမ ဆုရှင် မအိမ့်ချစ်သူ (ရှမ်းပြည်နယ် ကိုယ်စားပြု အေးမြကရုဏာ ဓမ္မစကူးလ်) နှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူ နှင့် လူငယ်မောင်မယ်များ အဖွဲ့တို့သည် ဇွန်လ ၆ ရက် မနက်ပိုင်း အချိန်တွင် ကလောမြို့ကို ရောက်ရှိကာ၊ အောင်ပန်း ၊ ဟဲဟိုး ၊ ရွှေညောင် ၊ အေးသာယာ မှ တဆင့် တောင်ကြီးမြို့သို့ ပြန်လာရာ လမ်းတစ်လျှောက်တွင် ဒေသခံ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက် ယာဉ်တန်းဖြင့် လှည့်လည်လာကာ မင်းလမ်း ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် လမ်းလျှောက်ခဲ့ကာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များ၊ ဒေသခံ ပြည်သူများတို့သည် လမ်းတစ်လျှောက် ကြိုဆိုဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၌ ပထမဆု ရရှိသည့် မအိမ့်ချစ်သူ နှင့် ထူးချွန်လူငယ်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ ၆ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ စိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ ထူးချွန် လူငယ်မောင်မယ်များ ဖြစ်ကြသည့် မအိမ့်ချစ်သူ၊ ဗဟိုအဆင့် အလယ်တန်းအောင်မြင်သူ ၁၁ ဦး၊ မူလတန်းအဆင့် စတုတ္ထ ရရှိသူ ၁ ဦး၊ ပြည်နယ်အဆင့် အောင်မြင်သူ ၄၃ ဦးတို့ကို ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပွဲကျင်းပရေးကော်မတီက ငွေကျပ် ၃၉၄ သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲက ၁၈၆ သိန်း၊ ရှမ်းပြည်နယ်လွှတ်တော်က ၄၅ သိန်း၊ စုစုပေါင်းငွေကျပ် ၆၂၅ သိန်းကို ထူးချွန်လူငယ်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent