ဂျပန်အစိုးရက ပြည်သူများ၏ မီတာခနှင့် ဓာတ်ငွေ့သုံးစွဲခများကို သုံးလစာစိုက်ပေးမည်ဟု ထုတ်ပြန်

ဂျပန်အစိုးရက ပြည်သူများ၏ မီတာခနှင့် ဓာတ်ငွေ့သုံးစွဲခများကို သုံးလစာစိုက်ပေးမည်ဟု ထုတ်ပြန်
Published 26 May 2026
Ref:AFP

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဝန်ဆောင်စရိတ်များ မြင့်တက်သဖြင့် ဂျပန်အစိုးရက အိမ်ထောင်စုများ၏ဓာတ်အားခများနှင့် သဘာဝဓာတ်ငွေ့ရည် ကုန်ကျစရိတ်တို့ ကို ပေးချေရာတွင် အထောက်အကူဖြစ်စေရန် ဒေါ်လာသုံးဘီလျံကို မေ ၂၆ ရက်တွင် အတည်ပြုလိုက်သည်။

အာရှနိုင်ငံအများစုကဲ့သို့ပင် ဂျပန်သည် အရှေ့အလယ်ပိုင်းမှရေနံ စိမ်းတင်သွင်းမှုများကို အလွန်အမင်း မှီခိုနေရသည်။

ယခုအခါ ဂျပန်သည် ဟော်မုဇ်ရေလက်ကြားပိတ်ထားခြင်းကြောင့် ပစ္စည်းများနှင့် စျေးနှုန်းများကို သက်ရောက်မှုများအား တုံ့ပြန်ခဲ့သည်။ နေ့စဉ်သုံးစားသုံးကုန်စည်များ စျေးထိုးတက်နေသည့့်ပြဿနာကို ကူညီဖြေရှင်းပေးရန် အပိုဆောင်းဘက်ဂျတ် ဒေါ်လာ ၁၉ ဘီလျံအသုံးပြုမည့် အစီအစဉ်ကိုဝန် ကြီးချုပ်ဆာနာအဲတာကာအိချိက ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဂျပန်အစိုးရ ကအထက်ပါအစီအစဉ်ကို ကြေညာလိုက်ခြင်းဖြစ်သည်။

ဇူလိုင်မှစ၍သုံးလအထိ မီတာခနှင့် သဘာဝဓာတ်ငွေ့ရည် အသုံးပြုခများကို ကျခံပေးမည်ဟု ဆိုသည်။

“ဇူလိုင်က နေစက်တင်ဘာအတွင်း မီတာခနဲ့ ဓာတ်ငွေ့ သုံးခတွေကို ပံ့ပိုးပေးဖို့ ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ကျွန်တော်တို့က ယန်း ၅၁၃ ဒသမ ၅ ဘီလျံကို အတည်ပြုခဲ့ပါတယ်” ဟု အစိုးရအဖွဲ့ ဒုတိယဝန်ကြီး မာဆာနာအိုအိုဇာကီက မေ ၂၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

Most Read

Most Recent