ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်းတွင် ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အား DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည်

ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်းတွင် ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အား DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည်
Published 26 May 2026

ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်းတွင် ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက်  အမှတ်(၉) အဆန် နှင့် အမှတ်(၁၀) အစုန် DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

အဆိုပါခရီးစဉ်အား လာမည့် ဇွန်လ ၁ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်မှမန္တလေးသို့ ထွက်ခွာမည့် အမှတ်(၉)အဆန် ရထားမှာ ရန်ကုန် မှ နံနက် (၀၈:၃၀) နာရီတွင် ထွက်ခွါမည်ဖြစ်ပြီး မန္တလေးသို့ ညနေ (၁၈:၃၀) အချိန်တွင်လည်းကောင်း မန္တလေးမှရန်ကုန်သို့ထွက်ခွာမည့် အမှတ်(၁၀) အစုန်ရထားမှာ မန္တလေး မှ နံနက် (၈:၃၀) နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန် သို့ ညနေ (၁၈:၄၀) အချိန်တွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရပ်တန့်မည့်ကြားဘူတာများအနေဖြင့် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည် စသည့် ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက်  ORTP စနစ်ဖြင့် Online မှ လက်မှတ်ဝယ်ခြင်းအား  ORTP Website  တွင် မေလ ၂၅ ရက်နေ့ ည ၁၂ နာရီမှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်၍  အမှတ် ၅ /၆ (အဆန်/အစုန်)နှင့် မေလ ၁၅ ရက်နေ့မှစတင်၍ အမှတ် ၃/၄(အဆန်/အစုန်) ခရီးစဉ်တို့အား ခေတ်မှီလေအေးပေးစက်ပါ DEMO လူစီးအမြန်ရထား (ဂျပန်တွဲဆိုင်း)များဖြင့် တိုးချဲ့ပြေးဆွဲပေးထားပြီး လာမည့် ဇွန် ၁ ရက်နေ့မှစတင်ပြေးဆွဲမည့် အမှတ် ၉/၁၀(အဆန်/အစုန်) DEMU လူစီးအမြန်ရထားအား စပိန်တွဲဆိုင်းများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထား၏ ထပ်မံကြေငြာချက်အရ ယခင် DEMU Japan တွဲဆိုင်းများဖြင့် ပြေးဆွဲလျှက်ရှိသည့် အမှတ်(၃)အဆန် နှင့် အမှတ်(၄) အစုန် ရထားများအား DEMU Spain တွဲဆိုင်းများဖြင့် ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent