ကိုမိုအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဖာဘရီဂတ်စ် စွမ်းဆောင်ပေးနိုင်ခဲ့

ကိုမိုအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဖာဘရီဂတ်စ် စွမ်းဆောင်ပေးနိုင်ခဲ့
Photo: X
Photo: X
Published 25 May 2026

ကိုမိုနည်းပြ ဖာဘရီဂတ်စ်ဟာ အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကိုမိုအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေနောက်ဆုံးပွဲစဉ်မှာ ခရီမိုနီဆီအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အဆင့်(၄)နေရာရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာပါ။

ရှုံးနိမ့်ခဲ့တဲ့ ခရီမိုနီဆီအသင်းကတော့ ဗီရိုနာ၊ ပီဆာတို့နဲ့အတူ စီးရီးဘီကို တန်းဆင်းခဲ့ရပါတယ်။

''အရမ်းငယ်ရွယ်တဲ့ ကစားသမားတွေနဲ့အတူ ကျွန်တော်တို့ ဒါကို လုပ်ဆောင်နိုင်ခဲ့တာပါ။ ကစားသမားအများစုက အသက်(၂၃)နှစ်အောက်ပဲ ရှိပါသေးတယ်။ ဒါက အံ့အားသင့်စရာကောင်းပါတယ်'' လို့ ဖာဘရီဂတ်စ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ်က ကိုမိုအသင်းကို ၂၀၂၄ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး အချိန်တိုအတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ဒီရာသီ စီးရီးအေမှာ ချန်ပီယံ အင်တာမီလန်နဲ့အတူ နာပိုလီ၊ ရိုးမားနဲ့ ကိုမိုတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး အေစီမီလန်နဲ့ ဂျူဗင်တပ်စ်က ယူရိုပါလိဂ်၊ အတ္တလန်တာက ကွန်းဖရန့်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။

Most Read

Most Recent