မြန်မာလုပ်သားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုင်းဆယ်ကျော်သက်လူငယ် လေးဦးကို ဖမ်းဆီးရမိ

မြန်မာလုပ်သားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုင်းဆယ်ကျော်သက်လူငယ် လေးဦးကို ဖမ်းဆီးရမိ
Published 23 May 2026

မြန်မာလုပ်သားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုင်းဆယ်ကျော်သက်လူငယ် လေးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းခရိုင်ရှိ အမှိုက်စွန့်ပစ်နေရာတစ်ခုတွင် အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့်ထိုင်းဆယ်ကျော်သက်လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မေ ၂၀ ရက်ညပိုင်းက နခွန်ရက်စီမာခရိုင် Muang မြို့ခရိုင် Thanonchira မီးရထားသံလမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဟု Muang ခရိုင်ရဲစခန်းမှူး Pol Col Sirichai Srichaipanya က ပြောကြားသည်။

ဖမ်းဆီးခံရသူ ထိုင်းဆယ်ကျော်သက်လူငယ်လေးဦးမှာ အသက် အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြား အရွယ်များ ဖြစ်သည်။

သေဆုံးသူမှာ အောင်ဇော်ဆိုသူဖြစ်ပြီး ရင်ဘတ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း၊ ဓားဖြင့်အထိုးခံရစဉ်က လွယ်အိတ်ကို ကိုင်ဆောင်ကာ အကူအညီတောင်းရန် ကြိုးစားခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာ ဒေသခံများ၏ အမှိုက်များကို စွန့်ပစ်သည့်နေရာဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာလုပ်သားကို Maharat Nakhon Ratchasima ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်း ရဲမှူးကြီး Sirichai က ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသည့် ထိုင်းဆယ်ကျော်သက်လူငယ်လေးဦးကို အခင်းဖြစ်ရာတွင် အသုံးပြုသည့် အရှည် ၁၄ မီတာရှိသည့် ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းလူငယ်လေးဦးအနက် Papangkorn အမည်ရှိသူက ဓားဖြင့် ထိုးခဲ့ကြောင်း၊ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး နှစ်ယောက်က အသတ်ခံရသူကို ကန်ကျောက်ပြီး ၁၃ နှစ်အရွယ် ရှိသူက ခမောက်ဖြင့် ရိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဓားဖြင့်ထိုးခဲ့သည့် လူငယ်မှာ ခိုးမှုဖြင့် စီရင်ချက်ချပြီးနောက် လွန်ခဲ့သည့်လတွင် အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ အခြားသူများတွင် မှုခင်းမှတ်တမ်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

Most Read

Most Recent