■ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် နိုင်ငံခြားသားအကျဉ်းသားတစ်ဦး သေဆုံးမှုဖြစ်ပွား

■ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် နိုင်ငံခြားသားအကျဉ်းသားတစ်ဦး သေဆုံးမှုဖြစ်ပွား
Published 19 May 2026

မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် နိုင်ငံခြားသား အကျဉ်းသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သူမှာ မော်လမြိုင်အချုပ်ထောင် (မင်းရွာ) တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်သူ အသက် (၂၁) နှစ်အရွယ် မိုဟာမက်စွာဟိုက်ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ မေ ၁၆ ရက် နံနက် ၁ နာရီအချိန်ခန့်က ဗိုက်အောင့်ခြင်း၊ သွေးအားနည်းခြင်းနှင့် နှလုံးဖောက်ခြင်း ရောဂါဝေဒနာများ ခံစားနေရသည့်အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ အမျိုးသားဖျားနာဆောင် GUARD WARD အခန်းတွင် ဆေးကုမှုခံယူနေစဉ် မေ ၁၇ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ၎င်းရောဂါများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဘင်္ဂလာဒေ့ရှ်နိုင်ငံသား အကျဉ်းသားသေဆုံးမှုက သူ့ရောဂါကြောင့် သေဆုံးရာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးကို အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိုင်သာယာနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၆) ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent