■ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖျော်ဖြေရေးတွင် မက်ဒေါနား၊ ရှာကီရာတို့နှင့်အတူ BTS လည်း ပါဝင်မည်

■ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖျော်ဖြေရေးတွင် မက်ဒေါနား၊ ရှာကီရာတို့နှင့်အတူ BTS လည်း ပါဝင်မည်
Published 14 May 2026

ကမ္ဘာကျော်ကေပေါ့ပ် အမျိုးသားအဆိုတော်အဖွဲ့ BTS သည် မက်ဒေါနား ၊ ရှာကီရာတို့နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၏ ပွဲနားချိန်ဖျော်ဖြေရေးတွင် ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း FIFA က မေ ၁၄ ရက်တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

အဆိုပါအခမ်းအနားကို လာမည့် ဇူလိုင် ၁၉ ရက်တွင် နယူးယောက်-နယူးဂျာစီ အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ပွဲနားချိန်ဖျော်ဖြေရေးမှ ရရှိလာမည့် အကျိုးအမြတ်များကို ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များအတွက် အရည်အသွေးမီ ပညာရေးနှင့် ဘောလုံးအားကစား အခွင့်အလမ်းများ တိုးမြှင့်ဖော်ဆောင်ပေးရန် ရည်ရွယ်သည့် FIFA Global Citizen Education Fund သို့ လှူဒါန်းသွားမည်ဖြစ်သည်။

ထိုဖျော်ဖြေပွဲကြီးကို ကမ္ဘာတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်။ပွဲ၏ ဖျော်ဖြေရေးအပိုင်းများကို Coldplay အဖွဲ့မှ ခရစ္စမာတင်က တာဝန်ယူ စီစဉ်ပေးသွားမည်ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် Blackpink အဖွဲ့ဝင် လီဆာလည်းပါဝင်သည်။ကေတီပယ်ရီ ၊ ရီမာနှင့် တောင်အာဖရိကအဆိုတော် တိုင်လာတို့လည်း ဖျော်ဖြေကြမည်ဖြစ်ပြီး လီဆာက ဇွန် ၁၂ ရက်တွင် SoFi အားကစားကွင်း၌ ကျင်းပမည့် အမေရိကန်နှင့် ပါရာဂွေးတို့၏ အဖွင့်ပွဲစဉ်တွင် ဖျော်ဖြေတင်ဆက်မည်။

ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပသွားမည် ဖြစ်သည်။

■ Ref: Soompi

Most Read

Most Recent