မန်စီးတီး - ခရစ္စတယ်ပဲလေ့စ် (မေ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)
အာဆင်နယ်ထက် တစ်ပွဲလျော့ကစားထားပေမဲ့ (၅)မှတ်ကွာဟနေပြီဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံပြေးလမ်းပေါ်မှာ ကိုယ်တိုင်ခြေလှမ်းမှန်ရုံသာမက အာဆင်နယ်အသင်း ခြေချော်ဖို့ကိုပါ စောင့်မျှော်ရမယ့်အနေအထား ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကိုယ်လုပ်စရာရှိတာကိုတော့ လုပ်ဆောင်သွားရမှာဖြစ်ပြီး အာဆင်နယ်ကို ဖိအားဆက်ပေးနိုင်အောင် ကြိုးစားရမှာပါ။ အပေါ်မရောက် အောက်မရောက်ဖြစ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကိုပဲ အာရုံစိုက်တော့မှာဖြစ်ပြီး နည်းပြ ဂလက်စ်နာကလည်း ဒီသဘောထားမျိုးကိုပဲ ပြောထားပါတယ်။ ပဲလေ့စ်ရဲ့ လတ်တလောခြေစွမ်းကို လျှော့တွက်လို့မရပေမဲ့ အိမ်ကွင်းမှာ အားကုန်ထုတ်မယ့် မန်စီးတီးအသင်း ဂိုးပြတ်အနိုင်ယူလိမ့်မယ်လို့ ထင်ပါတယ်။
လန်းစ် - PSG (မေ ၁၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)
ချန်ပီယံဆုအတွက် တရားဝင်အဖြေမပေါ်သေးတဲ့ PSG အသင်းကို လန်းစ်အသင်း အိမ်ကွင်းမှာ တားဆီးသွားနိုင်မလားဆိုတာ အဓိကစောင့်ကြည့်ရမှာပါ။ ဒါက ပွဲစဉ်(၂၉)တုန်းက ရွှေ့ဆိုင်းခဲ့တဲ့ပွဲကို ဒီတစ်ပတ်ကြားရက်မှာ ယှဉ်ပြိုင်ကစားတာဖြစ်ပြီး တစ်မှတ်ရတာနဲ့ PSG အသင်း ချန်ပီယံဖြစ်မှာပါ။ PSG အသင်းရဲ့ ကစားသမားတချို့ ကြံ့ခိုင်မှုပြဿနာကြောင့် ဒီပွဲမှာ မပါဝင်နိုင်ဘူးလို့တော့ သတင်းထွက်နေပါတယ်။ လန်းစ်ကလည်း အိမ်ကွင်းမှာ (၆)ပွဲဆက် အနိုင်ရထားတာကြောင့် အိမ်ရှင်ဘက်က ရပ်တည်ချင်ပါတယ်။
အလာဗတ်စ် - ဘာစီလိုနာ (မေ ၁၄ ရက်နေ့ နံနက် ၂းဝ၀ နာရီ)
အလာဗတ်စ်က တန်းဆင်းဇုန်ထဲက လွတ်မြောက်ဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ဘာစီလိုနာကတော့ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရထားပြီးပါပြီ။ ဒါကြောင့် အလာဗတ်စ်က ပိုပြီးရုန်းကန်မှာ သေချာပေမဲ့ ဘာစီလိုနာကလည်း အမှတ်(၁၀၀)ရယူနိုင်ဖို့ အားထည့်ကစားသွားဦးမှာ သေချာပါတယ်။ အလာဗတ်စ်ရဲ့ လတ်တလောခြေစွမ်းအရတော့ ဘာစီလိုနာကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဘာစီလိုနာပဲ နိုင်ပွဲဆက်မှာ သေချာပါတယ်။
အခြားပွဲများ
* ဘရက်စ် - စထရာဘိုး
* အက်စ်ပန်ညို - ဘီလ်ဘာအို
* ဗီလာရီးယဲလ် - ဆီဗီလာ
ဂီတာဖေး - မာယော့ကာ *















