ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်း ရောင်းချ

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်း ရောင်းချ
Published 7 May 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း မေ ၅ ရက်က ထုတ်ပြန်သည်။

မေ ၄ ရက်ကလည်း ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၃၃၅၀၂၀၇ ဒသမ ၆၅၊ LNG တင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာသိန်း ၂၀ ကို ရောင်းချခဲ့သည်။

ဧပြီ ၂၉ ရက်ကလည်း ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၃၉၆၁၃၆၂ ဒသမ ၅၀၊ CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂၃၄၄၈၇ ကို ရောင်းချခဲ့သည်။

ဧပြီ ၂၈ ရက်ကလည်း ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၄၇၈၂၇၀၄ ဒသမ ၁၁၊ LNG တင်သွင်းသည့် ကုမ္ပဏီများသို့  အမေရိကန်ဒေါ်လာသိန်း ၅၀ နှင့် CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁၆၈၄၀၉ ရောင်းချခဲ့သည်။

Most Read

Most Recent