နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့

နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့
Published 5 May 2026

နှစ်(၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို​ တောင်ကြီး- ဟိုပုံးသွားလမ်း မြို့အထွက် (၂) မိုင်၊  တောင်ကြီးခရိုင် မီးသတ်တပ်ဖွဲ့စခန်းရုံး တွင် မေလ(၅) ရက် မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကား ပြောကြားပြီး ရဲကျော်သူတံဆိပ်၊ လူမှုထူးချွန်တံဆိပ်နှင့် သင်တန်းထူးချွန်ဆုရသူများ၊ စခန်းသာယာလှပရေးဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေး စွမ်းရည်သရုပ်ပြခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်း ဂုဏ်ပြုမှတ်တမ်းလွှာများမှာ (၁) ရဲကျော်သူ တံဆိပ် ချီးမြှင့်ခြင်း ၁ ဦး၊ (၂) လူမှု ထူးချွန်တံဆိပ် ချီးမြှင့်ခြင်း (၁) ဦး၊ (၃) သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်း (၅) ဦး၊ (၄) စခန်းသာယာလှပရေး ဆုချီးမြှင့်ခြင်း (၁) ဦး တို့ကို ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.ထိုအခမ်းအနားတွင် မီးသတ်တပ်ဖွဲဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်များကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

Most Read

Most Recent