နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား မေ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မီးသတ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။
မေ ၅ ရက် နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး စွမ်းဆောင်ရည်ဆိုင်ရာဆု၊ လူမှုထူးချွန်ဆုနှင့် အခြားဆုများ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့မှ ခေတ်မီမီးငြှိမ်းသတ်ရေးစွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ သရုပ်ပြသခဲ့သည်။
ဓာတ်ပုံ - အောင်မျိုးသန့်၊ သီဟအောင်















