ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 27 April 2026

မန်ယူ - ဘရန့်ဖို့ဒ် (ဧပြီ ၂၈ ရက် နံနက် ၁း၃၀ နာရီ)

မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပူစရာမရှိတော့သလောက်ဖြစ်နေပေမဲ့ တတိယနေရာမှာ ရပ်တည်နိုင်ဖို့ လိုလားနေပါတယ်။ ဘရန့်ဖို့ဒ်ကလည်း ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်လို့ရနေတာကြောင့် အားစိုက်ကစားမှာ သေချာပါတယ်။ နိုင်ပွဲပျောက်နေတာကြာပြီဖြစ်ပေမဲ့ သရေပွဲတွေ ဆက်တိုက်ကစားထားတာကြောင့် လျှော့တွက်လို့တော့ မရပါဘူး။ ပထမအကျော့တုန်းကလည်း မန်ယူအသင်းကို အနိုင်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက် အနိုင်ရထားတဲ့ မန်ယူအသင်းကိုပဲ  ရွေးချယ်ရမှာပါ။

လာဇီယို - အူဒီးနီးစ် (ဧပြီ ၂၈ ရက် နံနက် ၁း၁၅ နာရီ)

နှစ်သင်းစလုံးက ထိပ်ဆုံး(၁၀)သင်းစာရင်းဝင်ဖို့သာ ဦးတည်ကစားရမယ့် အနေအထားမျိုးဖြစ်တာကြောင့် ဖိအားရှိမနေကြပါဘူး။ လတ်တလောခြေစွမ်းပိုင်းကလည်း ခြားနားချက်သိပ်မရှိပါဘူး။ လာဇီယိုက အိမ်ကွင်းအားသာချက်ရှိနေပေမဲ့ အူဒီးနီးစ်ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း ကောင်းမွန်နေပါတယ်။ သရေကျမယ့်ပွဲလို့ ထင်ပါတယ်။

အခြားပွဲများ

ကာဂလီယာရီ - အတ္တလန်တာ *

အက်စ်ပန်ညို - လီဗန်တေး *

Most Read

Most Recent