ချီဗူးဟာ ဥရောပအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ကြောင်း အင်တာမီလန်အသင်းဥက္ကဋ္ဌ ချီးကျူး

ချီဗူးဟာ ဥရောပအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ကြောင်း အင်တာမီလန်အသင်းဥက္ကဋ္ဌ ချီးကျူး
Photo: X
Photo: X
Published 17 April 2026

အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌ မာရော့တာက နည်းပြ ချီဗူးဟာ ဥရောပအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။

ချီဗူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပါးမားအသင်းနဲ့ လမ်းခွဲကာ အင်တာမီလန်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ စီးရီးအေချန်ပီယံဆု ရရှိဖို့ အလားအလာကောင်းနေပါတယ်။

အင်တာမီလန်အသင်းက ဒုတိယနေရာက နာပိုလီအသင်းကို (၉)မှတ်ဖြတ်ထားတာကြောင့် ချန်ပီယံဆုရရှိဖို့ နီးစပ်နေတာဖြစ်ပြီး ချီဗူးအနေနဲ့လည်း အင်တာမီလန်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အင်တာမီလန်အသင်းက ချီဗူးကို ၂၀၂၇ ခုနှစ်အထိသာ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပြီး စာချုပ်သစ်ကတော့ နှစ်ရှည်ကာလ ချုပ်ဆိုမှာဖြစ်သလို၊ လစာအနေနဲ့လည်း လက်ရှိလစာရဲ့နှစ်ဆ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

''သူ အသင်းမှာ ဆက်ရှိမှာ သေချာပါတယ်။ သူက ကျွန်တော်တို့နဲ့ ထပ်ပြီးလက်တွဲသွားဖို့ လိုလားနေပါတယ်။ ချီဗူးဟာ ဥရောပက ထွက်ပေါ်လာတဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်'' လို့ မာရော့တာက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent