ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 8 April 2026

ဘာစီလိုနာ - အက်သလက်တီကို (ဧပြီ ၉ ရက် နံနက် ၁း၃၀ နာရီ)

ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာမှ လောလောလတ်လတ်ဆုံတွေ့ထားကြတဲ့ စပိန်ထိပ်သီးနှစ်သင်းရဲ့ နောက်ထပ်အားပြိုင်မှုဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ နောက်ထပ်နိုင်ပွဲတစ်ပွဲကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဒီနှစ်သင်းက ဒီရာသီ စပိန်ဘုရင့်ဖလားမှာလည်း ဆုံတွေ့ခဲ့ကြပြီး အက်သလက်တီကိုက နှစ်ကျော့ပေါင်း (၄-၃)ဂိုးနဲ့ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လာလီဂါမှာတော့ ဘာစီလိုနာက နှစ်ကျော့စလုံး အနိုင်ရခဲ့ပါတယ်။ လတ်တလောရပ်တည်မှုမှာ အက်သလက်တီကိုက ပြိုင်ပွဲစုံ(၃)ပွဲဆက်ရှုံးထားပြီး ဘာစီလိုနာက (၄)ပွဲဆက် အနိုင်ရထားပါတယ်။ အိမ်ကွင်းမှာ ဘာစီလိုနာအသင်း (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရမယ်ထင်ပါတယ်။ 

PSG - လီဗာပူးလ် (ဧပြီ ၉ ရက် နံနက် ၁း၃၀ နာရီ)

PSG အသင်းက ပြိုင်ပွဲစုံ(၄)ပွဲဆက် အနိုင်ရထားပြီး လီဗာပူးလ်က နောက်ဆုံး(၅)ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။ FA ဖလားမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းအရဆိုရင်တော့ ပြင်သစ်မြေမှာ သရေရလဒ်ကိုတောင် မျှော်လင့်ဖို့ မလွယ်ပါဘူး။ ပြီးခဲ့တဲ့အဆင့်မှာ ချယ်လ်ဆီးအသင်းကို နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် PSG အသင်းရဲ့ ယုံကြည်မှုကလည်း ပိုပြီးမြင့်တက်နေနိုင်ပါတယ်။ PSG အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

Most Read

Most Recent