ရာသီပြီးဆုံးဖို့ (၅)ပွဲအလိုမှာ ဒတ်ချ်လိဂ်ချန်ပီယံဆုကို PSV အသင်း ဆွတ်ခူး

ရာသီပြီးဆုံးဖို့ (၅)ပွဲအလိုမှာ ဒတ်ချ်လိဂ်ချန်ပီယံဆုကို PSV အသင်း ဆွတ်ခူး
Photo: X
Photo: X
Published 6 April 2026

PSV  အသင်းက ရာသီပြီးဆုံးဖို့ (၅)ပွဲအလိုမှာပဲ ဒတ်ချ်လိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

အခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်အမှတ်ပေးပြိုင်ပွဲရဲ့ ပွဲစဉ်(၂၉)မှာ PSV  အသင်းက အနိုင်ရခဲ့ပြီး အနီးဆုံးပြိုင်ဘက် ဖီယင်နုအသင်းက သရေကျခဲ့တာကြောင့် (၅)ပွဲအလိုမှာပဲ ချန်ပီယံဆုအတွက် အဖြေပေါ်သွားခဲ့တာဖြစ်ပါတယ်။

(၂၉)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ PSV အသင်းက ဒုတိယနေရာက ဖီယင်နုအသင်းကို (၁၇)မှတ်ဖြတ်ထားနိုင်ခဲ့တာပါ။

PSV အသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်းဖြစ်သလို၊ ဒတ်ချ်လိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

PSV အသင်းအနေနဲ့ ဒတ်ချ်လိဂ်ချန်ပီယံဆုကို (၂၇)ကြိိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ ချန်ပီယံဆု (၃၆)ကြိမ်ရရှိထားတဲ့ အေဂျက်စ်အသင်းဖြစ်ကြောင်း သိရပါတယ်။

နည်းပြ ပီတာဘော့ဇ်က ဒီ(၃)ရာသီစလုံးမှာ အသင်းကို အကောင်းဆုံးပဲ့ကိုင်ပေးခဲ့တာဖြစ်ပြီး ဒတ်ချ်လိဂ်ချန်ပီယံဆု ရယူနိုင်တဲ့ အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နေကြောင်းလည်း သိရပါတယ်။

Most Read

Most Recent