အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် လူနာများအား လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှု ပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်း ဆေးရုံကြီး လေးခုတွင် ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာနှင့် ပြည်သူ့ဆေးရုံကြီး၊ သန်လျင်တို့တွင် လူနာများလက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ် အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအနေဖြင့် တတ်နိုင်သမျှအရိပ်ရသော နေရာများတွင်သာ နေပါ၊မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိ တွေ့စေရန် လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွ ချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ၊ မဖြစ်မနေအပြင် သွားရပါက ထီး၊ ဦးထုပ် ဆောင်းပါ၊ရေများများသောက်ပါရန်တို့ ဖြစ်သည်။
ထို့ပြင် အပူဒဏ်ကာကွယ်နိုင်ရေး ရှောင်ကြဉ်ရန်အချက်များအနေဖြင့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ၊နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကို ရှောင်ကြဉ်ပါ၊ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသော အခန်းနှင့် ကားအတွင်းသို့ ချက်ခြင်း ဝင်ရောက် ခြင်း၊ အလွန်အေးသော အခန်းနှင့်ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်း တို့ကို ရှောင်ကြဉ်ပါ၊အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ် အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမို ပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ရန်တို့ ့ဖြစ်သည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ (Heat Exhaustion)ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ကြွက်တက်ခြင်း၊ နုံးချိပျော့ခွေခြင်း၊အလွန်အမင်းရေဆာခြင်း၊ဂနာမငြိမ်ခြင်း၊ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတို့ ဖြစ်တက်သည်။
အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ ခံစားရပါက အရိပ်ရ၍ အေးမြသောနေရာတွင် အနားယူပါ၊အရည်များများသောက်ခြင်း စသည့် အပူဒဏ်ကာကွယ်ရေးလိုက်နာဆောင်ရွက်ရမည့်အချက် များကိုလိုက်နာပါ၊အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများ ခံစားနေရသည့် လူနာအား အရေးပေါ် ရှေးဦးပြုစုခြင်း၊လူနာကို အရိပ်ရအေးမြသော နေရာသို့ ရွှေ့ထားပါ၊လေပန်ကာ၊ လေအေးပေးစက် ဖွင့်ထားပေးပါ၊ မရှိပါက ယပ်ခတ်ပေးပါ၊လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ၊လူနာ၏ အဝတ်အစားများကို ဖယ်ရှားပါ၊လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် တို့ကို ရေပတ်တိုက်ပါ၊လူနာကောင်းစွာသတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည်တိုက်ကျွေးရန် တို့ဖြစ်သည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများ (Heat Stroke)အနေဖြင့် အပူဒဏ်အန္တရာယ်အထူး သတိပြုရမည့်သူများ အရေပြားပူ၍ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်း ခြောက်ခြင်း၊သက်ကြီးပုဂ္ဂိုလ်များနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက် လာခြင်း၊နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ သွေးတိုး စိတ်ကျန်းမာရေးချို့ယွင်းသူများ) ကယောင်ကတမ်းဖြစ်ခြင်း၊ကာယလုပ်သားများ၊ အားကစားသမားများ၊ အဝလွန်သူများတက်ခြင်း၊ သတိလစ်ခြင်း၊အရက်စွဲသောသူများ၊ မူးယစ်ဆေးသုံးစွဲသူများအပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသရန်တို့ကို ထုတ်ပြန်ထားသည်။















