ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်တွင် ​ကျောင်းသားများအား လှည့်ဖြား၍ SIM Card မှတ်ပုံတင် ခိုင်းသည့်ဂိုဏ်းကို​ ဖော်ထုတ်ဖမ်းဆီရမိ​

ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်တွင် ​ကျောင်းသားများအား လှည့်ဖြား၍ SIM Card မှတ်ပုံတင် ခိုင်းသည့်ဂိုဏ်းကို​ ဖော်ထုတ်ဖမ်းဆီရမိ​
Published 26 March 2026

ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်အတွင်းရှိ  ပစ်မှတ် ၈ခုတွင် ​ကျောင်းသားများအား လှည့်ဖြား၍ SIM Card မှတ်ပုံတင် ခိုင်းသည့် ဂိုဏ်းကို​ ထိုင်းအာဏာပိုင်များက  မတ်လ ၂၃ ရက်​နေ့  ဝင်​ရောက်စီးနင်း  ဖော်ထုတ်ဖမ်းဆီရမိ​ကြောင်းသိရ သိရသည်။

ACSC-CIB (နည်းပညာဗဟိုဌာနနှင့် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့) သည် ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်ခရိုင်အတွင်းရှိ ပစ်မှတ်နေရာ ၈ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဆင်းမ်ကတ်ရောင်းဝယ်သည့် ဂိုဏ်းတစ်ခုကို နှိမ်နင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စုံစမ်းစစ်​ဆေး​ရေးအဖွဲ့သည် ချင်းမိုင်ခရိုင်၊ မဲအိုင်းမြို့နယ်၊ သာတွန် (Tha Ton) ဒေသရှိ အသက် ၁၅ နှစ်အောက် ကလေးငယ်များနှင့် လူငယ်များကို အခမဲ့အင်တာနက်ဆင်းမ်ကတ် (SIM Card) များ ဝေငှမည်ဟုဆိုကာ လှည့်ဖြားခဲ့သည့် ဖြစ်စဉ်ကို အခြေခံ၍ ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆင်းကဒ်မှတ်ပုံတင်ခိုင်းသည့် ဂုဏ်းသည် ​မြောက်ပိုင်းရှိ​ကျောင်းများတွင်  Online လိမ်လည်မှု Scammer) များအကြောင်း ဗဟုသုတပေးခြင်း" ခေါင်းစဉ်ဖြင့် သင်တန်းများ သွားရောက်ပို့ချပြီး

သင်တန်းတက်ရောက်သည့် ကျောင်းသား ၂၀၀ ကျော်ကို အင်တာနက် အခမဲ့သုံးစွဲနိုင်မည့် ဆင်းမ်ကတ်များ ပေးမည်ဟု မက်လုံးပေးခဲ့သည်။

ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန်အတွက် ကျောင်းသားများ၏ မျက်နှာကို စကင်ဖတ် (Face Scan) ကာ မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်များကို တာချီလိတ်ရှိ Call Center ဂိုဏ်းများ ထံသို့ ပြန်လည်ရောင်းချခဲ့​ကြောင်း ။ ၎င်းဆင်းမ်ကတ်များကို အသုံးပြု၍ ပြည်သူများထံမှ ငွေကြေးလိမ်လည်ရန် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည် ကို​ဖော်ထုတ်သိရှိခဲ့သည်ဟုဆိုသည်။

မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မျက်နှာစကင်ဖတ်ခြင်း (Biometric data) များကို အခမဲ့ရရှိမည့် ပစ္စည်းများအတွက် အလွယ်တကူ မပေးအပ်ကြရန် အထူးသတိပြုသင့်ကြောင်းကိုလည်း

 ACSC-CIB (နည်းပညာဗဟိုဌာနနှင့် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့)မှ ထုတ်ပြန်ကြေညာထား​ကြောင်းသိရသည်။

Source , Thai News

Most Read

Most Recent