အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ဟာ ဒဏ်ရာရနေတဲ့ အာဆင်နယ်ကစားသမား အက်ဇေးရဲ့နေရာမှာ နယူးကာဆယ်တောင်ပံကစားသမား ဟာဗေးဘန်းစ်ကို အစားထိုးခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အက်ဇေးဟာ လေဗာကူဆင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့ရပါတယ်။
အာဆင်နယ်နည်းပြ အာတေတာက လိဂ်ဖလားဗိုလ်လုပွဲမှာ အက်ဇေး ပါဝင်ကစားနိုင်ဖို့ မိမိတို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် မပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အက်ဇေးရဲ့ဒဏ်ရာက ပြင်းထန်ခြင်းမရှိပေမဲ့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းက နုတ်ထွက်ဖို့ အလားအလာများနေတာကြောင့် သောမတ်စ်တူဟယ်လ်က ဟာဗေးဘန်းစ်ကို အစားထိုးခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟာဗေးဘန်းစ်(၂၈ နှစ်)ဟာ ၂၀၂၀ ခုနှစ်တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲသာ ကစားခဲ့ဖူးသူဖြစ်ပြီး စကော့တလန်အသင်းက သူ့ကို ရွေးချယ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ငြင်းပယ်ခဲ့သူပါ။
ဟာဗေးဘန်းစ်က ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲကစားကာ (၁၄)ဂိုးသွင်းယူထားတာကြောင့် သောမတ်စ်တူဟယ်လ်က အက်ဇေးနေရာ အစားထိုးဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။















