ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းကို ယာဂန်ကလော့ပ် ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းကို ယာဂန်ကလော့ပ် ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်
Photo: X
Photo: X
Published 13 March 2026

လီဗာပူးလ်အသင်းရဲ့နည်းပြဟောင်း ယာဂန်ကလော့ပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်လာပါတယ်။

မိန့်ဇ်နဲ့ ဒေါ့မွန်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမန်နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို (၉)နှစ်တာ ကိုင်တွယ်ခဲ့စဉ်အတွင်း ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ယာဂန်ကလော့ပ်ဟာ ၂၀၂၄ နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် ၂၀၂၅ ဇန်နဝါရီကစပြီး Red Bull အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာပါ။

Red Bull နဲ့ စာချုပ်မှာ ဂျာမနီလက်ရွေးစင်အသင်းကသာ ကမ်းလှမ်းခဲ့မယ်ဆိုရင် ထွက်ခွာခွင့်ပြုရမယ်ဆိုတဲ့အချက် ပါဝင်ကြောင်း သတင်းထွက်ခဲ့သလို၊ ပြီးခဲ့တဲ့လပိုင်းကစပြီး နဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ယာဂန်ကလော့ပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း၊ လက်ရှိနည်းပြ နာဂယ်စ်မန်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အောင်မြင်မှုရရှိမှသာ ယာဂန်ကေလော့ပ်ရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Most Read

Most Recent