စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ၃၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၆၀၀ နီးပါးမြင့်တက်လာ

စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ၃၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၆၀၀ နီးပါးမြင့်တက်လာ
Published 13 March 2026

စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ၃၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၆၀၀ နီးပါးမြင့်တက်လာကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။

စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် စျေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။

မတ် ၁၃ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၂၈၃၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၂၉၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၃၂၀၅၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၃၅၆၀ ဖြစ်သည်။

ပြီးခဲ့သည့် တပတ်က ရောင်းချခဲ့သည့် စျေးနှုန်းများမှာ  ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၂၅၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၉၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၆၁၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၂၉၀၅ ဖြစ်သည်။

ယင်းကြောင့် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၃၃၅ ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာ ၅၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၆၅၅ ကျပ်အထိ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ အတက်အကျ မငြိမ်သက်ဖြစ်နေရာမှ စက်သုံးဆီစျေးနှုန်းများမှာလည်း ပြောင်းလဲလျက်ရှိသည်။

အလားတူ ရေနံအကြပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စက်သုံးဆီလျှော့ချအသုံးပြုနိုင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent