PSG နဲ့ပွဲမှာ ဘောကောက်လူငယ်ကို တွန်းခဲ့တဲ့ ချယ်လ်ဆီးကစားသမား ပတ်ဒရိုနက်တိုကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေ

PSG နဲ့ပွဲမှာ ဘောကောက်လူငယ်ကို တွန်းခဲ့တဲ့ ချယ်လ်ဆီးကစားသမား ပတ်ဒရိုနက်တိုကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေ
Photo: X
Photo: X
Published 13 March 2026

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ PSG နဲ့ပွဲမှာ ဘောကောက်လူငယ်လေးကို တွန်းခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်ကစားသမား ပတ်ဒရိုနက်တိုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရပါတယ်။

နက်တိုဟာ PSG အသင်းကို (၂-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အခုလို ပြုမူခဲ့မိတာဖြစ်ပြီး ဘောကောက်လူငယ်လေးကို လူသိရှင်ကြား တောင်းပန်စကားပြောကြားခဲ့ပေမဲ့ UEFA ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက အားကစားသမားမပီသတဲ့ အပြုအမူအဖြစ် စွဲချက်တင်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

နက်တိုဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘောကောက်လူငယ်လေးကို တွန်းခဲ့မိခြင်းအတွက် ''ကျွန်တော်တို့အသင်း ရှုံးနိမ့်နေပြီး ပွဲရဲ့ စိတ်ခံစားမှုကလည်း မြင့်တက်နေတာကြောင့် အခုလို ပြုမူခဲ့မိတာပါ။ ကျွန်တော်က ဒီလိုလူမျိုးမဟုတ်ပါဘူး။ ဒီအတွက် ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ သူ့ကို တောင်းပန်စကားပြောကြားခဲ့သလို၊ ကျွန်တော့်အကျင်္ီကိုလည်း ပေးခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ UEFA က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်တာကြောင့် နက်တိုအနေနဲ့ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။

Most Read

Most Recent