FA ဖလား ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် (၁း၃၅)နာရီမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အခုတစ်ပတ်မှာ FA ဖလားပြိုင်ပွဲရဲ့ ပဥ္စမအဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒီနေ့ည နောက်ဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်း - ဘရန့်ဖို့ဒ်ပွဲ မစခင် ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲပွဲ ပြုလုပ်သွားမှာပါ။
လက်ရှိအချိန်မှာ ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရတဲ့ အသင်း(၇)သင်း ထွက်ပေါ်နေခဲ့ပြီဖြစ်ပြီး လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ ဆောက်သမ်တန်၊ ပေါ့တ်ဗေးလ်နဲ့ လိဒ်စ်တို့ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်(၅)သင်း၊ လိဂ်ချန်ပီယံရှစ်က တစ်သင်းနဲ့ League One ကတစ်သင်း တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မဲခွဲပွဲမတိုင်ခင် အလေးပေးမှုမှာတော့ အာဆင်နယ်အသင်းက (၁၃း၅)လေးနဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
အာဆင်နယ်ရဲ့နောက်မှာ မန်စီးတီးက (၁ဝး၃)လေး၊ လီဗာပူးလ်က (၄း၁)လေး၊ ချယ်လ်ဆီးက (၅း၁)လေးနဲ့ အစဉ်လိုက်ရပ်တည်နေပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဧပြီလပထမပတ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။















