ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားသဖြင့် ရန်ကုန်မြိုတွင် မီးပျက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
မတ် ၈ ရက် နေ့လည် ၁၂ နာရီ ၅၂ မိနစ်ခန့်တွင် ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေးအချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေး ပန်ကြားအပ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
"ကျနော်တိုမြိုထဲတော့ မီးမပျက်တာ ကြာပါပြီ။ ခုနေ့ခင်း ၁ နာရီလောက်က ပျက်သွားတာ ၂ နာရီထိုးတော့မယ် အခုထိတော့ မလာသေးဘူး" ဟု ကျောက်တံတားမြိုနယ်နေသူတစ်ဦးက ပြောကြားသည်။
အလားတူ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ လှိုင် စသည့်မြိုနယ်များတွင် မီးပျက်နေကြောင်း သိရသည်။
မီးပျက်မှုသည် System Breakdown ဖြစ်ပေါ်ခြင်းကြောင့် မီးပျက်နေခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရသည်။















