အာရှတစ်ခွင် စတော့ရှယ်ယာစျေးများထိုးကျခဲ့ပြီးနောက် ဒေါ်လာငွေပြန်လည်အားကောင်းလာသဖြင့် ရှယ်ယာစျေးများပြန်တက်လာကာ ရွှေနှင့် ရေနံစျေးတို့ ကျဆင်းလာ

အာရှတစ်ခွင် စတော့ရှယ်ယာစျေးများထိုးကျခဲ့ပြီးနောက် ဒေါ်လာငွေပြန်လည်အားကောင်းလာသဖြင့် ရှယ်ယာစျေးများပြန်တက်လာကာ ရွှေနှင့် ရေနံစျေးတို့ ကျဆင်းလာ
တိုကျိုစတော့အိတ်ချိန်း၌ စတော့စျေးများဖော်ပြထားသော နေရာ၏အရှေ့မှလူများ ဖြတ်လျှောက်သွားနေပုံကို ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
တိုကျိုစတော့အိတ်ချိန်း၌ စတော့စျေးများဖော်ပြထားသော နေရာ၏အရှေ့မှလူများ ဖြတ်လျှောက်သွားနေပုံကို ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 3 February 2026

အာရှတစ်ခွင် စတော့စျေးကွက်များကို အထိတ်တလန့်ဖြစ်စေခဲ့သည့် အခြေအနေများဖြစ်ပေါ်သဖြင့် စျေးပြိုလဲမှုဖြစ်ပွားခဲ့ပြီးနောက် စတော့စျေးများ ပြန်တက်လာခဲ့ပြီး အဖိုးတန်သတ္တု(ရွှေ၊ ပလက်တီနမ်၊ ငွေ)တို့ ၏စျေးများ ပြန်ကျလာသောကြောင့် ဖေဖော်ဝါရီ ၃ ရက်တွင် အတိုင်းအတာတစ်ခုအထိ စျေးကွက် တည်ငြိမ်မှုပြန်ရလာပြီဖြစ်သည်။

အမေရိကန်၌ ကုန်ထုတ်လုပ်မှုအချက်အလက်များ ထွက်ပေါ်လာတော့မည်၍ အမေရိကန်စီးပွားရေးအတွက် မျှော်လင့်ချက်များရှိလာသည့်အနေအထားကြောင့် ဝေါစထရိတွင် စတော့ရှယ်ယာစျေးများ ပြန်တက် လာခြင်းဖြစ်သည်။ အထူးသဖြင့် ရှယ်ယာဝယ်ယူ၍ ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်ထုတ်လုပ်ရေးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်မှုသည် အလွန်အရေးပါသည်။

သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ဗဟိုဘဏ်ကို ကဲဗင်ဝါ့ရှ်ဦးဆောင်မည်ဟု အဆိုတင်ထားလိုက်သောကြောင့် ဒေါ်လာတန်ဖိုး တက်လာကာ ဇန်နဝါရီတစ်လလုံး ရှယ်ယာစျေးတက်နေမှုသည် လွန်ခဲ့သော သီတင်းပတ်အစပိုင်းတွင် အခြေအနေမကောင်းသည့် အနေအထားဖြစ်ခဲ့သည်။

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ် မော်ဂန်စတန်လေရင်းနှီးမြှုပ်နှံမှု ဘဏ်၏ဘဏ်လုပ်ငန်းရှင်လည်းဖြစ်သော ကဲဗင်ဝါ့ရှ်ကို ရွေးချယ်မှုက ဒေါ်လာငွေအား ကောင်းလာစေနိုင်သော ဗဟိုဘဏ်၏မူဝါဒများ ဖြစ်ပေါ်လာနိုင်သည့်အလားအလာကို ဖြစ်ပေါ်စေကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားသည်။

 ပို့ကုန်လုပ်ငန်းရှင်များကို အားပေးသည် ဒေါ်လာငွေအားနည်းသည်ကို သမ္မတထရန့်က မြင်လိုသည်ဟူသော စိုးရိမ်မှုများကြောင့် အမေရိကန်ဒေါ်လာသည် လွန်ခဲ့သော သီတင်းပတ်တွင် အားနည်းနေခဲ့သည်။ ထရန့်၏ကဲဗင်ဝါ့ရှ်ကို ရွေးချယ်မှုက ဗဟိုဘဏ်၏လွတ်လပ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို လျော့ပါးစေခဲ့သည်။

ဒေါ်လာငွေ ရုတ်တရက်ပြန်လည်အား ကောင်းလာခြင်းကြောင့် ရွှေငွေစျေးတို့သည် ထိုးကျသွားခဲ့သည်။ ထို့ကြောင့် ရွှေစျေးသည် ဒေါ်လာ ၄,၄၀၂ အထိကျဆင်းသွားခဲ့ပြီး ငွေသည် ၇၁ ဒေါ်လာ အထိကျသွားခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်တုန်းက ရွှေငွေစျေးသည်စံချိန် တင်မြင့်တက်ခဲ့သောကြောင့် ရွှေစျေးမှာဒေါ်လာ ၅,၅၉၅ အထိရှိခဲ့ပြီး ငွေစျေးမှာ ၁၂၁ ဒေါ်လာအထိ စျေးမြောက်ခဲ့သည်။

ထို့အပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်ကို တိုက်ခိုက်မည့်အလားအလာများကို ပြောကြားထားသည်ဆိုသော်လည်း ယခုအခါ လေသံပြောင်းကာ အီရန်နှင့်ဆွေးနွေးမည်ဟု ပြောကြားလိုက်ပြီး နောက် ရင်းနှီးမြှုပ်နှံသူတို့က ဘေးကင်းသောမြှုပ်နှံအဖြစ် ရွှေကိုဝယ်ထားကြရမှ ယခုအခါ ရွှေကို လက်လွှတ်ကြသောကြောင့် ရွှေစျေးကျသွားခြင်းဖြစ်သည်။ ထို့အပြင် ဒေါ်လာအားကောင်းလာခြင်းနှင့်အတူ ရေနံစိမ်းစျေးများလည်း ကျဆင်းသွားခဲ့သည်။

အာရှရှိ ဆိုးလ်တွင် ရှယ်ယာစျေးသည် ငါးရာခိုင်နှုန်းပြန်တက်လာခဲ့သည်။ တိုကျိုတွင်လည်း ဖေဖော်ဝါရီ ၃ ရက်တွင် ရှယ်ယာစျေးသုံးရာခိုင်နှုန်း ပြန်တက်လာခဲ့သည်။ ဟောင်ကောင်၊ရှန်ဟိုင်း၊ဆစ်ဒနီ၊ စင်ကာပူ၊ တိုင်ပေ၊ ဘန်ကောက်၊ မနီလာတို့တွင်လည်း ရှယ်ယာစျေးတက်ခဲ့သည်။         

Ref: AFP                    

Most Read

Most Recent